Catholic Views on Praise and Worship
Search This Blog
Thursday, May 30, 2019
Styles of Leadership
Styles of Leadership
1. Visionary Leadership Style
2. Directional Leadership Style
3. Motivational Leadership Style
4. Strategic Leadership Style
5. Managing Leadership Style
6. Shepherding Leadership Style
7. Team-Building Leadership Style
8. Build-Building Leadership Style
9. Re-engineering Leadership Style
10. Entreprenuerial Leadership Style
Wednesday, May 29, 2019
ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရား
ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရား
၁။
ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားတို့ဟာ နှစ်ခုမဟုတ်၊ တစ်ခုတည်းသာဖြစ်ပါတယ်။ ယုံကြည်ခြင်းဆိုတဲ့
စကားလုံးမှာ ယုံခြင်းနှင့်ကြည်ခြင်းကို ပေါင်းစပ်ထားပါတယ်။ ယုံခြင်းဆိုတာ အယူအဆ အတွေးအခေါ်
ဒါမှမဟုတ် အကြောင်းအရာ ဒါမှအဟုတ် အဖြစ်စနစ်တစ်ခုခုကို ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးကို
နှစ်ကြိုက်သဘောကျခြင်း၊ အားကျကြည်ညိုလက်ခံခြင်းသဘောဖြစ်ပြီး၊ ကြည်ခြင်းဆိုတာ အဲဒီသဘောကျတဲ့အရာ
ဒါမှမဟုတ် ပုဂ္ဂိုလ်မှာ အခိုင်အမာ ကပ်ငြိုစွဲလန်းခြင်း၊ မြဲမြဲမြံမြံတည်မှီဆည်းကပ်ခြင်းဆိုတဲ့
လက်တွေ့အမှုအကျင့်သဘောဖြစ်ပါတယ်။
၂။
ဒါကြောင့် ယုံကြည်ခြင်းဆိုတဲ့ စကားလုံးကိုယ်၌မှာက ယုံကြည်ခြင်းရော ကိုယ်ကျင့်တရားပါ
တစ်ပါးတည်းပါနေပြီးသားဖြစ်ပါတယ်။ ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားတို့ဟာ ဦးခေါင်းဖြစ်တဲ့
ခရစ်တော်နှင့် ခန္ဓာတော်ဖြစ်တဲ့ အသင်းတော်လို၊ လင်နဲ့မယားလို၊ လူရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်လို၊
အစကတည်းက နှစ်ခုမဟုတ်၊ တစ်ခုတည်း တစ်ကိုယ်တစ်သားတည်းဖြစ်တယ်။ လူသည် ယုံကြည်ခြင်းအားဖြင့်သာ
ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်၊ အကျင့်အားဖြင့်ရောက်သည်ကို သင်တို့သိကြ၏။ ဝိညာဉ်နှင့်ကင်းသော
ကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။ (ယာကုပ် ၂း၂၄-၂၆) လို့ ယုံကြည်ခြင်းနဲ့ကိုယ်ကျင့်တရားတို့ရဲ့ ခွဲ၍ခွာ၍မရအောင်
ဆက်စပ်ယှဉ်တွဲနေပုံကို ရှင်ယာကုပ်က သတိပေးတာဟာ လေးစားလိုက်နာဖို့ အလွန်အရေးကြီးလှပါတယ်။
၃။
ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသည့်မေတ္တာကို ငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည်
ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏
(၁ ယောဟန် ၄း၁၆)။ ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာ
ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကို ချစ်တော်မူ၏ (၁ယောဟန်
၎း၁၉)။ ကဲ ဒီမှာ အချစ်အကြောင်းလာပြီ။ လူငယ်တွေကို ရင်ခုန်၊ လူလတ်တွေကို
ရင်ဟာ၊ လူကြီးတွေကို ရင်မောအောင်ခံစားစေတတ်တာ အချစ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း
…ချစ်ဖူးတယ် အိုမလွယ်ဘူးရူးနိုင်တယ်…ဆိုတဲ့ သီချင်းရှိလာတာပေါ့နော်။
လူ့လောက လူ့အချစ်မှာကော၊ လောကုတ္တာရာဘုရားအချစ်မှာပါ နှစ်ဦး သို့မဟုတ် နှစ်ဖက်ပါဝင်ရပြီး၊
တစ်ဖက်ဖက်က စတင်ရစမြဲဖြစ်ပြီး၊ အခြားတစ်ဖက်ကလည်း YES OR NO တုန့်ပြန်
အဖြေပေးရတဲ့ သဘောသဘာဝရှိပါတယ်။ ဒါကြောင့် အချစ်မှာ အလျားအနံမရှိပေမဲ့၊ အသွားအပြန်ရှိတယ်လို့
ဆိုစမှတ်ပြုကြတာလည်းဖြစ်ပါတယ်။ ဟုတ်တယ်။ အချစ်မှာ အသွားအပြန် ဆိုတာရှိတယ်။ ကျမ်းစာကလည်း
ဒါကို ထောက်ခံပါတယ်။ ယုံကြည်ခြင်းဟာ အသွားဖြစ်ရင် ကိုယ်ကျင့်တရားဟာ အပြန်ဖြစ်ပါတယ်။
ပိုရှင်းအောင်ပြောရရင် ယုံကြည်ခြင်းဆိုတာဟာ ဘုရားသခင်ဆီကနေ လူဆိကိုသွားတဲ့ အချစ်ပါ။
ကိုယ်ကျင့်တရားဆိုတာဟာ လူဆီကနေ ဘုရားသခင်ဆီကို ပြန်တဲ့တုန့်ပြန်အချစ်ပါ။ သမီးရည်စားစကားငှါးပြောရမယ်ဆိုရင်တော့
ယုံကြည်ခြင်းဟာ ဘုရားသခင်က လူအားငါနင့်ကိုချစ်တယ်လို့ ပြောတဲ့စကားဖြစ်ပြီး၊ ကိုယ်ကျင့်တရားဟာ
လူက ဘုရားသခင်အား ငါလည်းထပ်တူပြန်ချစ်ပါတယ်လို့ အဖြေးပေးတာဖြစ်ပါတယ်။ ယုံကြည်ခြင်းဟာ
ဘုရားသခင်က လူကိုပေးတဲ့ မေတ္တာလက်ဆောင်ပါ (ဧဖက် ၂း၈)၊ ကိုယ်ကျင့်တရားဟာ လက်ဆောင်ပေးတဲ့အတွက် THANK YOU ကိုယ်တော်လို့
လူက ဘုရားသခင်အား လှိုက်လှဲယဉ်ကျေးစွာ ခွန်းတုန့်ပြန်ခြင်းပါ။
ဒါကြောင့်
ယုံကြည်ခြင်းပဲ လိုတယ်။ အကျင့်တရားမလိုဘူးဆိုတာ မှန်ပါ့မလား။ ယဉ်ကျေးရာကျပါ့မလား။ တဖက်သတ်အချစ်ဟာ
ပြည့်စုံမှုကင်းမဲ့လို့ တာရှည်မခံတတ်ဘူးတဲ့။ ကြလာရင် ရက်စက်ကြမ်းကြုတ် အကြင်နာကင်းမဲ့သွားတတ်တယ်တဲ့။
ကိုယ့်ကျေးဇူးပြုသူကို ကျေးဇူးမတင်တတ်ခြင်းဟာ မယဉ်ကျေးမှု၊ မပြည့်စုံမှုတစ်မျိုးဖြစ်သွားနိုင်ပါတယ်။
ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍ အကျင့်အားဖြင့် စုံလင်သည်ကိုမြင်ရ၏ (ယာကုပ်)။ ယုံခြင်းနဲ့အကျင့်တွဲမှ၊ အတူတူအလုပ်လုပ်ကြမှ စုံလင်ခြင်းဆိုတာ ရှိလာနိုင်ပါတယ်လို့
ရှင်ယာကုပ်က အတိအလင်းမိန့်ဆိုထားပါတယ်။
၎။ ဘုရားသခင်သည် မိမိပုံသဏ္ဏာန်နှင့်အညီ
လူကို ဖန်ဆင်းတော်မူ၏(ကမ္ဘာဦး ၁း၂၈)။ လူက မိမိဟာ ကောင်းကင်တမန်၊ နတ်ဆိုး၊ တိရစ္ဆာန်၊
ကျောက်တုံးကျောက်ခဲ၊ သစ်ပင်နဲ့မတူဘူး။ ဘုရားရဲ့ ပုံတော်နဲ့တူတယ်ဆိုတာ အသိမှတ်ပြုလက်ခံခြင်းကို
ယုံကြည်ခြင်းလို့ခေါ်ပါတယ်။ ဘုရားရဲ့ ပုံတော်ပီသအောင်၊ ဘုရားပုံတော်နှင့်ကိုက်ညီအောင်၊
ဆေကြောခြင်းအားဖြင့် ရတဲ့အမွေခံ သားသမီးပီသအောင် ပြောဆိုပြုမူနေထိုင်ခြင်းဟာ ကိုယ်ကျင့်တရားပါပဲ။
ဘုရားသခင်က ကျနော်တို့ကို ဘာလို့ သူ့ရဲ့ ပုံသဏ္ဍာန်နဲ့တူအောင် ဖန်ဆင်းတာလဲဆိုတော့ ရှင်ပေါလုက
(ဧဖက် ၂ါ်၈၊၁၀)မှာ အောက်ပါရည်ရွယ်ချက်တွေရှိလို့
လို့ဆိုပါတယ်။
(၁) ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရမည့်အကြောင်း
(၂) ငါတို့သည် ကောင်းသောအကျင့်များကို ကျင့်မည့်အကြောင်း
(၃) ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည့်အကြောင်း ဘုရားသခင်သည် ငါတို့ကို
ယေဇူးခရစ်၌ ပြုပြင်ဖန်ဆင်းတော်မူ၏တဲ့။
၅။
ခရစ်တော်က ငါသည် ဤလောက၏အလင်းဖြစ်၏
(ရှင်ယောဟန် ၈း ၁၂)။ သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏
(ရှင်မာတေဦး ၅း၁၃)တဲ့။ ဒီမှာ ဘုရားနဲ့ကျနော်တို့ရဲ့
ပုံသဏ္ဍာန်တူညီမှုကို ခရစ်တော်က အလင်းလို့ဖော်ပြတော်မူတာကို တွေ့ရပါတယ်။ ဒါဆိုရင် အလင်းဆိုတာဘာလဲ။
ကျနော်တို့နဲ့ဘယ်လိုများ သက်ဆိုင်ဘာသလဲ။ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို
မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတစ်ပါးရှေ့၌
သင်တို့၏အလင်းကို လင်းစေကြလော့ (ရှင်မာတေဦး ၅း၁၆)လို့ ယုံကြည်သူတွေက ယုံကြည်ခြင်းအလင်းကို ကိုယ်ကျင့်တရားအားဖြင့် ထွန်းလင်းစေကြဖို့
တာဝန်ပေးတော်မူပါတယ်။
၆။
ယုံကြည်ခြင်းက ကယ်တင်ခြင်းကောင်းကင်တံခါးကို ဖွင့်ပေးပါတယ်။ ဒါပေမဲ့ မထိုက်မတန်တဲ့
အကျင့်က အဲဒီတံခါးကို ပိတ်ပစ်နိုင်ပြီး၊ ကယ်တင်ခြင်းကောင်းကင်နဲ့လည်း လွဲသွားစေနိုင်တဲ့
အန္တရာယ်ရှိတယ်ဆိုတာကို ခရစ်တော်က သတိပေးထားပါတယ်။ သင်တို့ကျင့်သော အကျင့်သည် ဖာရိရှဲတို့နှင့်ကျမ်းပြုဆရာတို့ကျင့်သော
အကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏ (ရှင်မာတီဦး ၅း၂၀)။ ဒါကြောင့် ရှင်ပေါလုကလည်း ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် မိမိကိုယ်ကိုကယ်တင်ခြင်းငှါ
ကိုယ်တိုင်ကြိုးစားအားထုတ်ကြလော(ဖိလိပ္ပိ ၂း၁၂)။ ငါတို့သည် အားမလျှော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့
(ဂလောတိ ၆း၉)လို့ သတိလည်းပေး၊ ဖိတ်လည်းဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။
ရ။
လူကို ယုံကြည်ခြင်းပေးသူဟာ ဘုရားသခင်ဖြစ်သကဲ့သို့ ကျင့်ဖို့တွန်းအားပေးသူဟာလည်း ဘုရားသခင်ကိုယ်တော်တိုင်ပဲဖြစ်ပါတယ်။
ဒါကြောင့် ရှင်ပေါလုက အကြောင်းမူကား သင်တို့သည် အကျင့်ကျင့်စေခြင်းငှါ သင်တို့အထဲ၌
စေတနာတော်ဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း (ဖိလိပ္ပိ ၂း၁၃)လို့ မိန့်ဆိုခြင်းဖြစ်ပါတတယ်။
၈။
ကျင့်ပြီးမှ ယုံတာမဟုတ်ပါဘူး။ ယုံကြည်လို့ ကျင့်ကြံအားထုတ်နေတာဖြစ်ပါတယ်။ ကျင့်လို့
ဘုရားသားသမီးဖြစ်လာတာမဟုတ်ပါဘူး၊ ဘုရားသားသမီးဖြစ်လို့ ဘုရားသားသမီး ပီသစွာ နေထိုင်ပြုကျင့်နေတာပါ။
ကယ်တင်ခြင်းခံရဖို့ ကျင့်တာမဟုတ်ပါဘူး။ ကယ်တင်ခြင်းခံရသူမို့ ကယ်တင်ခြင်းနဲ့အညီ ကျင့်ကြံနေထိုင်ကြတာသာဖြစ်ပါတယ်။
ဒါကြောင့် ယုံကြည်ခြင်းဆိုတာ အခြေခံတရားဖြစ်ကြောင်း၊ ယုံကြည်ခြင်းဟာ လူသားကို လာပါ၊
လက်တွဲပါ၊ ပူးပေါင်းပါဝင်ပါလို့ ဖိတ်ခေါ်နေတဲ့ ဘုရားကျေးဇူးတော်ဖြစ်ပြီး၊ အဲဒီဖိတ်ခေါ်ချက်ကို
လူသားက ယုံကြည်လက်ခံပြီးတော့ အဲဒီဘုရားကျေးဇူးတော်နဲ့ လက်တွဲပူးပေါင်းလိုက်ခြင်းဟာ
ကိုယ်ကျင့်တရားဖြစ်လာပါတယ်။ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသောအကျင့်တို့သည် အပြစ်ရှိကြ၏ (ရောမ ၁၄း၂၃)လို့ ရှင်ပေါလုက ကိုယ်ကျင့်တရားဟာ ယုံကြည်ခြင်းနဲ့မတွဲရင် အပြစ်တော်ဖြစ်တယ်လို့
သတိထားဖို့ မှာကြားခဲ့ပါတယ်။
၉။ ယုံကြည်ခြင်းဟာ ကျေးဇူးတော်ဖြစ်ရင်၊
ကိုယ်ကျင့်တရားဆိုတာကကော ဘာလဲ။ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာဖြစ်၏
(ရောမ ၁၃း၁၀)။ ဒါကြောင့် ပြီးပြည့်စုံတဲ့ ကိုယ်ကျင့်တရားဆိုတာဟာ
ချစ်ခြင်းမေတ္တာအကျင့်ပဲဖြစ်ပါတယ်။ ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊
ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း
(၁ကော် ၁၃း၁၃)။ ဘာလို့ ချစ်ခြင်းမေတ္တာက အမြတ်ဆုံးဖြစ်တာလဲ။
ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းဟာ ဒီဘဝအတွက်သာဖြစ်ပြီး၊ နောင်တမလွန်ဘဝမှာ လိုအပ်တော့မည်မဟုတ်ဘဲ၊
ရှိလည်းရှိတော့မှာ မဟုတ်လို့ပဲ။ ဘာလို့လဲဆိုတော့ နောင်ဘဝကျရင် ဘုရားသခင်ကို မျက်ဝါးထင်ထင်
မြင်ရတော့မှာဆိုတော့ (ရောမ ၁၃း ၁၂) ယုံကြည်တွေ၊
မျှော်လင့်ခြင်းတွေ ရှိစရာမလိုတော့ဘူး။ လူသားတွေဘက်က ကိုယ်ကျင့်တရားရဲ့ ပြည့်စုံခြင်းဖြစ်တဲ့
ချစ်ခြင်းမေတ္တာနဲ့ ချစ်ခြင်းမေတ္တာဖြစ်တော်မူတဲ့ ဘုရားသခင်သာ ဒီဘဝမှာလို နောင်တမလွန်ဘဝမှာလည်း
ဆက်လက်ကျန်ရှိ တည်မြဲနေမှာဖြစ်လို့ပါပဲ။
၁၀။
ဒါကြောင့် ယုံကြည်ခြင်းဟာ ပင်စည်၊ ကိုယ်ကျင့်တရားဟာ အသီး။ ယုံကြည်ခြင်းဟာ မီး၊ ကိုယ်ကျင့်တရားဟာ
အလင်း။ ယုံကြည်ခြင်းဟာ အသွား၊ ကိုယ်ကျင့်တရားဟာ အပြန်။ ယုံကြည်ခြင်းဟာ အခြေခံအုတ်မြတ်၊
ကိုယ်ကျင့်တရားဟာ အခြေခံအုတ်မြစ်ပေါ်က တည်ဆောက်ထားတဲ့ အဆောက်အဦး။ ယုာံကြည်ခြင်းဟာ ဒီဘဝအတွက်၊
ကိုယ်ကျင့်တရားဟာ ဒီဘဝနဲ့ နောင်ဘဝအတွက်။ ယုံကြည်ခြင်းဟာ ကျေးဇူးတော်နှင့် အသက်ရှင်ခြင်း၊
ကိုယ်ကျင့်တရားဟာ ဘုရားသခင်ကိုယ်တော်တိုင်နှင့် အသက်ရှင်ခြင်း။ ယုံကြည်ခြင်းဟာ ဘုရားရဲ့
ကျေးဇူးတော်လက်ဆောင်၊ ကိုယ်ကျင့်တရားဟာ လူရဲ့ အချစ်သက်သေ။ ယုံကြည်ခြင်းဟာ ကောင်းကင်နဲ့မြေကြီး
ဌါနေနှစ်ခုကို ဆက်စပ်ပေးတဲ့အရာ၊ ကိုယ်ကျင့်တရားဟာ ဘုရားသခင်နဲ့လူသား ပုဂ္ဂိုလ်နှစ်ဦးကို
ဆက်စပ်ပေးတဲ့အရာဖြစ်ပါတယ်လို့ ဝေငှာရင်း ကျနော်ရဲ့ ယုံကြည်ခြင်းနဲ့ ကိုယ်ကျင့်တရားအကြောင်း
တစေ့တစောင့်လေ့လာချက်ကို နိဂုံးချုပ်ပါတယ်။
ဘုန်းတော်ကြီး ဂျိုးဇက် ကီးခွမ်အွမ်
ဘုန်းတော်ကြီး ဂျိုးဇက် ကီးခွမ်အွမ်
Thursday, April 4, 2019
ဘုရားဖူးသွားရောက်ခြင်း
ဘုရားဖူးသွားရောက်ခြင်း
ကွာလာလမ်ပူကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ ဆရာတော်ကြီး ဂျူးလီယာန်သည် Lot 2850, Jalan Besar, 71800, Nilai, Negeri Sembilan၌ တည်ရှိသော စိန်ထရေဇားဘုရားကျောင်းတော်ကြီး ကို ထူးခြားသောသာသနာပြုနှစ်ဖြစ်သော သက္ကရာဇ် ၂၀၁၉ ခုနှစ် အချိန်အခါသမယအတွက် ဘုရားဖူးကျောင်းတော်ကြီးအဖြစ်အဖြစ် သတ်မှတ်ခဲ့ပါသည်။ ဤထူးမြတ်သည့် သာသနာပြုနှစ်တွင် ထိုဘုရားကျောင်းတော်ကြီးသို့ ဘုရားဖူးသွားရောက်ပြီး ဆုတောင်းခြင်းအမှုများ ပြုကြပါရန် ဆရာတော်ကြီးက ဘာသာတူများအား တိုက်တွန်းနိုးဆော်ထားပါသည်။ "သေးငယ်သော ပန်းပွင့်"ဟု လူသိများသော ရဟန္တာမ ထရေဇားသည် `သာသနာပြုများအား ကူညီမှိုင်းမသူ`ဖြစ်ကြောင်း ၁၉၂၇ ခုနှစ်၌ ပုပ်ရဟန်းမင်းကြီးတစ်ဆယ့်တစ်ကြိမ်မြောက် ပီဦးက ကြေငြာခဲ့ပါသည်။ ရဟန္တာမထရေဇားသည် သီလရှင်ကျောင်းပြင်ပသို့ တစ်ကြိမ်တစ်ခါမှ မထွက်ခဲ့ဖူးသော်လည်း ခရစ်တော်၏ သတင်းကောင်းကို သွန်သင်ဝေငှရန် ဤမလေးရှားနိုင်ငံအပါအဝင် ကမ္ဘာ့နေရာတော်တော်များများသို့ သွားရောက်သာသနာပြုသော ရဟန္တာကြီး ဖရန်စစ်ဇေဗီးယားနှင့် တူညီသော ဘွဲ့နာမကို
ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ ရဟန္တာဖရန်စစ်ဇေဗီးယားသည် အိမ်ပြင်၌ အားသွန်းခွန်စိုက်လုပ်ဆောင်ရသော သာသနာပြုခြင်းကို ကိုယ်စားပြုသော ရဟန္တာဖြစ်သကဲ့သို့ ရဟန္တမထရေဇားသည်လည်းအိမ်တွင်း၌ တရားအားထုတ်ကျင့်ကြံ၍ သာသနာပြုခြင်းကို ကိုယ်စားပြုသော ရဟန္တာဖြစ်ပါသည်။ ရဟန္တာထရေဇားသည် အသက်ငယ်ရွယ်စဉ်ကပင် သာသနာပြုရန် စိတ်ဆန္ဒပြင်းပြခဲ့သည်။ သူမ၏ဘ၀အသက်တာတွင် သူမ၏ရုပ်ခန္ဓာသည် သီလရှင်ကျောင်း၌သာ ကျောက်ချကုန်ဆုံးခဲ့ရသော်လည်း ဝေးလံခေါင်းဖျားသောနေရာဒေသများ၌ သွားရောက်ဆက်ကပ်ချင်သော သူမ၏သာသနာပြု စိတ်ဓာတ်သည် ဝိညာဉ်များအတွက် လောင်ကျွမ်းနေခဲ့ပြီးဖြစ်သည်။ ရဟန္တာမထရေဇား၏ စံနာမူနာကို အတုယူလျက်၊ တရားအားထုတ်၍ဆုတောင်းခြင်းအသက်တာ၌ ရှင်သန်ခြင်းသည် သာသနာပြု လုပ်ငန်း၌ မရှိမဖြစ်လိုအပ်သော အသက်တာဖြစ်ကြောင်း အမြဲတမ်း နှလုံးသွင်းကြပါစို့။ မစ္ဆားတရားနာယူခြင်း၊ ကိုယ်တော်မြတ်ဖူးမြော်ခြင်း၊ ဆုတောင်းမေတ္တာပြုခြင်းနှင့် အစာရှောင်ခြင်းတို့သည် သာသနာပြုအသက်တာ၌ လွန်စွာပင် အရေးပါလှပါသည်။ ထို့အပြင် ၎င်းတို့သည် သာသနာပြုလုပ်ငန်းအားလုံး၏ မြစ်ဖျားခံရာ မူလအရင်းအမြစ်နှင့် အထွတ်အထိပ်ပင် ဖြစ်သည်။
Wednesday, March 27, 2019
ဝါတွင်းကာလအတွက် သတင်းစကား
ဝါတွင်းကာလအတွက် သတင်းစကား
ဝါကွင်းကာလမှာ ကက်လစ်ခရစ်ယာန်များဟာ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် ပေးကမ်းစွန့်ကြဲခြင်းပြုလုပ်ဖို့ အသင်းတော်က အထူးအားပေးလှပါသည်။ထိုနည်းတူ ကျနော်တို့ဘာသာတူတစ်ဦးတိုင်းကလည်း နှစ်တိုင်း ဒီလိုအချိန်ကာလဆိုတာ ဖြတ်သန်းရစမြဲဟု အလွယ်မတွေးဘဲ လေးနက်စွာနဲ့ ဝါကွင်းကွင်းကာလကို ဖြတ်သွားရပါမည်ဟု သဘောထားကြရမည်ဖြစ်သည်။
ဝါကွင်းကာလမှာ ကျမ်းစာတော်မြတ်၌ သခင်ခရစ်တော်၏ ရက်လေးအတွင်း ကျင့်ကြံနေထိုင်ခြင်းအမှုကို အထူးဖတ်ရှုဆင်ခြင်နှလုးံသွင်းရမည့်အခွင့်ကောင်းအခါကောင်းတစ်ချိန်တစ်ခုလည်းဖြစ်ပါသည်။ ဒီအချိန်မှာ ကျနော်တို့ တစ်စုံတစ်ရာကို ခံစားရမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဒီခံစားချက်သည် တစ်စုံတစ်ရာကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားချက်နှင့် တူညီနေလိမ့်မည်မဟုတ်ပါ။ ဒီခံစားချက်သည် ကျနော်တို့လူသားများ၏ ချစ်ခြင်းမေတ္တာတရား ဆာငတ်ခြင်း၊ လိုအပ်ချက်ကို မိမိတို့အား ပိုမိုသဘောပေါက်စေမှာဖြစ်သည်။
ဒေါကြောင့် မတ္တားတရာဆိုတာ အသွားနှင့် အပြန်ရှိတယ်ဆိုတဲ့ ဆိုရိုးစကားကို မှတ်မိကြမည်ထင်ပါသည်။ ကျနော်တို့ ဒီဝါကွင်းကာလအတွင်း ဆုတောင်းခြင်း၊ အစာရှောင်ဝါရှောင်ခြင်းနှင့် ပေးကပမ်းစွန့်ကြဲခြင်းကို ဘယ်လိုစလုပ်ကြလဲ။
ဆုတောင်းခြင်းကို မိသားစုတစ်ခုတွင် ဖခင်၊ မိခင်နှင့် ကလေးတွေရှိသော မိသားစုများသည် အတူတကွ မိသားစုစိပ်ပုတီးဆိုဆုတောင်းကို အခြားချိန်များ၌ မိမိတို့တစ်ချင်းစီ ဆုတောင်းခြင်းပြုတတ်ကြသော်လည်း ဒီဝါကွင်းကာလတွင် အကျိုးကျေးဇူးလည်း အလွန်မထူးခြားသည့်အတွက် အထူးပြုလုပ်အပ်ပါတယ်။
အစာရှောင်ဝါရှောင်ခြင်းသည်လည်း မိမိကိုယ်ကိုမိမိ ချုပ်တည်းနိုင်းဖို့ လိုအပ်လှပါသည်။ မိမိကိုယ်ကိုမိမိချုပ်တည်းနိုင်ရန် အတူတကွ ဆုတောင်းခြင်းအားဖြင့် ခွန်းအားပေးပါသည်။ လူနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့သည် ငါ၏နာမ၌ စုဝေးကြလျှင် ထိုအရပ်၌ သူတို့အလယ်တွင် ငါရှိသည်ဟု မိန့်တော်မူ၏။ (ရှင်မာတေးဦး ၁၈း၂၀)။ အတူတကွ ဆုတောင်းသော မိသားစုသည် ဘုရားသခင်၏ ကာကွယ်စောင့်ခြင်းကို ခံရ၏။ ပညာအလိမ္မာကျမ်း ၁၅း၂၉၊ ၂၂း၆။ A family that prays togehter stays together!
ပေးကမ်းစွန့်ကြဲခြင်းသည် တခါတလေကျနော်တို့အများပိုင်နှင့် မသက်ဆိုင်ဘူးလို့ ထင်မိတတ်ကြတယ်။ ဘာလို့လည်းဆိုတော့ ကျနော်တို့အားလုံးဟာ သူများနည်းတူ မချမ်းသာလို့ပဲဖြစ်သည်။ ဒါပေမဲ့ ကျနော်တို့အားလုံးနှင့် သက်ဆိုင်နေပါတယ်။ ကျနော်တို့အားလုံး ပေးကမ်းကြဲအလှူဒါနပြုလုပ်နိုင်ပါတယ်။ ဆုတောင်းခြင်း၏ အကျိုးဆက်အဖြစ် မိမိကိုယ်ကိုမိမိ ချုပ်တည်းချွေတာခြင်းသည် ကျနော်တို့ ပေးကမ်းစွန့်ကြဲနိုင်စေဖို့ရာအကြောင်းဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်ထက် အနွဲ့သောသူများအား ဖေးမကူညီခြင်းဖြင့် ဘုရားသခင်ထံမှ စီးဆင်းလာနေသော ကောင်းကြီးမင်္ဂလာကို ရရှိခံစားဖို့ ကျနော်တို့အတွက်အခွင့်အရေးဖြစ်ပါတယ်။
အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့အား စားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့အား သောက်ရေကိုပေးကြ၏။ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့အား ပျူငှာစွာကြိုဆိုကြ၏။ ငါ၌အဝတ်မရှိသောအခါ သင်တို့သည် ငါ့အား အဝတ်နှင့် လွှမ်းခြုံပေးကြ၏။ ငါသည် ဖျားနားသောအခါ သင်တို့သည် ငါ့ကိုကြည့်ရှုကြ၏။ ငါသည် ထောင်ထဲ၌ ရှိနေသောအခါ သင်တို့သည် ငါထံသို့လာကြ၏ဟု မိန့်တော်မူလိမ့်မည်။ ရှင်မာတေးဦး ၂၅း ၃၅၊၃၆
ဆွဲခန့်ဓမ္မဆရာရေမွန်
ခတ္တမလေးရှား

MCCM CUP 2017
၁၈ ဇူလိုင် ၂၀၁၇
မလေးရှားရောက် မြန်မာ ကက်သလစ်လူငယ်များရဲ့ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပြီးဆုံးသွားပါပြီဗျား။ ပထမဦးစွာ အစ အလယ် အဆုံးထိ ပြီးမြောက်နိုင်အောင် အရာအားလုံးကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသော အနန္ဒဂရုဏာ သနားခြင်းနှင့် ပြည့်စုံတော်မူသော အဘဘုရားသ္ခင်နှင့် ကျွန်တော်တို့ သားသမီးတွေအတွက် အမြဲဆုတောင်းပေးတော်မူသော အမိမယ်တော် မာရီးယား တို့ထံ ကျေးဇူးတင်ပါသည်။
✔ဤဘောလုံးပွဲ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်း
ကူညီပေးနေကြသော လူငယ်မောင်မယ်များ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါသည်။ အရောက်စီတိုင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ။
ကူညီပေးနေကြသော လူငယ်မောင်မယ်များ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါသည်။ အရောက်စီတိုင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ။
✔ဤချစ်ကြည်ရေး ဘောလုံးပွဲ အတွက်
အလှူ ရှင်များဖြစ်ကြသော (၁) ဆရာ JohnMungpi မိသားစု Rm-500 (၂) ZCCM အဖွဲ့အစည်းမှ - Rm -1500.00 (၃) LCCM အဖွဲ့အစည်းမှ Rm- 250.00 (၄) ZCC အဖွဲ့အစည်းမှ Rm- 250.00
(၅) St. John ဘုရားကျောင်းမှ Rm-500.00
(၆) ကို Freddy မိသားစုမှ ဘောလုံးကွင်းအတွက် လိုအပ်နေသော ပစ္စည်းများ၊ ဤအလှူရှင်များအားလုံး အဆပေါင်းများစွာ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း၊ လိုအင်ဆန္ဒပြည့်စုံပြီး အရောက်စီတိုင်းကို ဘုရားသခင် ကောင်းချီးပေးပါစေ။

✔ဤချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ၌ ပါဝင်သော အဖွဲ့အစည်းများမှာ အုပ်စု A မှ (1) FCCM (2) MTCC (3) ZNCCM (4) CKCM (5) ZCC
အုပ်စု B မှာ (1) OKD (2) CRCA (3) ZCCM
(4) PKCC (5) LCCM. များဖြစ်ပြီး A1 ZCC A2 FCCM. B1 ZCCM B2 LCCM အဖွဲ့များ Semi Final တက်ရောက်ခဲ့ကြပြီး A1 vs B2. B1 vs A2 ဝင်ပြိုင်ကစားခဲ့သည်။
တတိယဗိုလ်လုပွဲကို LCCM vs FCCM ကို ဝင်ပြိုင်ကစားခဲ့ရာ၌ LCCM မှ တတိယဗိုလ် ရရှိခဲ့ပါသည်။ ဗိုလ်လုပွဲကိုတော့ ZCCM vs ZCC ဝင်ပြိုင်ကစားခဲ့ပြီး ပြိုင်ပွဲချိန်အပြီးမှာ ၁း၁ ဂိုးဖြင့် သရေကျခဲ့တဲ့အတွက် Penalty ဆက်လက်ကန်သွင်းခဲ့ရာ
၅ ယောက်စီ ရွေးပြီး ကန်သွင်းရာ၌ ၄:၄ ဂိုးနဲ့ သရေကျပြန်၏။ ထို့နောက် ၃ ယောက်စီ ပြန်ရွေးပြီး ပြန်ကန်သွင်းကာ ၃း၃ သရေကျပြန်၏။ ပြီးမှ ဂိုးသမး အချင်းချင်း ကန်သွင်းတော်လည်း သရေ ကျပြန်သည်။နောက်ဆုံးတော့ အသင်းခေါင်းဆောင် နှစ်ယောက်မှ ပြန်ကန်တော်လည်းပဲ ၁း၁ နဲ့ သရေ ကျပြန်ခဲ့သည်။ နောက်ဆုံးရဲ့ အဆုံးမှာ ခေါင်း နှင့် ပန်း လှန်ခြင်း အားဖြင့်ဆုံးဖြတ်ကာ ZCC ကနေပြီးတော့ Champion ရရှိသွားပါသည်။

✔ ဤချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ၌ အကောင်းဆုံး ကစားသမားဆုတွေကို ဘောလုံးကော်မတီ အားလုံးမှ ရွေးချယ်တင်မြောက်ထားပါသည်။
1) ဂိုးသမား အကောင်းဆု
🏆 No. 1 Anthony A Kolh - FCCM
2) နောက်းတန်း အကောင်းဆုံးဆု
🏆 No. 4 Paul Sian Zuan - ZCCM
3) ကွင်းလယ် အကောင်းဆုံးဆု
🏆 No. 8 Michael Tun Tun - LCCM
4) တိုက်စစ်မှူး အကောင်းဆု
🏆 No. 7 Philip Lal Khan Laang - ZCC
5) ဂိုးသွင်းဘုရင်/ အကောင်းဆုံး ကစားသမားဆု
🏆 No. 9 Dominic Siang Len Hmung
များမှ ဆွတ်ခူးရရှိသွားပါသည်

✔အဖွဲ့အစည်း ခေါင်းဆောင်အားလုံး၊ ကစားသမား အားလုံးနှင့် နေပူမိုးရွာမရှောင် လာရောက် အားပေးနေကြသော ဘာသာသူ အားလုံးအားလုံးကို သ္ခငှ်ယေရှု နာမတော်၌ အားလုံးကို ကျေးဇူးတင်ပါသည်။ အရောက်စီတိုင်း ဘုရားသခင် ကောင်းကြီးပေးပါစေ။
☕ဘောလုံးကော်မတီအားလုံး ကိုယ်စား
စတီဗင်
စတီဗင်
Saturday, May 4, 2013
Mission to Build Community
"Small basic communities"
Where the faithful communicate the Word of God and express it in service and love to one another are centers of evangelization, in communion with their pastor."
- Pope John Paul II
The small Christian community is not a therapy group. It is not simply a group that sits there good together. It is not simply a little support group that strokes the member's psyches. It is truly a spiritual energy group that can hugely impact the present day culture and have a significant role in the life o f a big or small parish.
Subscribe to:
Posts (Atom)
-
A total of 80 participants including a priest (Fr. Augustine Tin Htun, Sister Cecilia Mangnu and Sister Maria Goretti) attended the Retreat ...