Search This Blog

Thursday, May 30, 2019

Three Policies of International Catholic Youth



Three Policies of International Catholic Youth

Today's Solution may be Tomorrow's Problem
That is why:
Stop!!!
Think....
Reflect......
Change....
Try and Try and Try again!
Three Policies of International Catholic Youth
1) Total Development
(a) Mind, (b)Body, (c) Heart, and (d) Spirit)
2) Responsible Freedom
3) Transform Society

Basic Bible Seminar (BBS) Part -1

Basic Bible Seminar (BBS) Part -1


Team and Catholic Association

TEAM

T- Together
E- Everyone
A- Achieve
M- More
7 - Essential Components Of Catholic Association
1) Word
2) Worship
(3) Create Commuinites
(4) Guidance and Counselling
(5) Healing Minsitry
(6) Justice and Justice
(7) Advocacy

Praise and Worship


Catholic Views on Praise and Worship

Styles of Leadership






Styles of Leadership


1. Visionary Leadership Style
2. Directional Leadership Style
3. Motivational Leadership Style
4. Strategic Leadership Style
5. Managing Leadership Style
6. Shepherding Leadership Style
7. Team-Building Leadership Style
8. Build-Building Leadership Style
9. Re-engineering Leadership Style
10. Entreprenuerial Leadership Style

Wednesday, May 29, 2019

ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရား


 ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရား


၁။ ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားတို့ဟာ နှစ်ခုမဟုတ်၊ တစ်ခုတည်းသာဖြစ်ပါတယ်။ ယုံကြည်ခြင်းဆိုတဲ့ စကားလုံးမှာ ယုံခြင်းနှင့်ကြည်ခြင်းကို ပေါင်းစပ်ထားပါတယ်။ ယုံခြင်းဆိုတာ အယူအဆ အတွေးအခေါ် ဒါမှမဟုတ် အကြောင်းအရာ ဒါမှအဟုတ် အဖြစ်စနစ်တစ်ခုခုကို ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးကို နှစ်ကြိုက်သဘောကျခြင်း၊ အားကျကြည်ညိုလက်ခံခြင်းသဘောဖြစ်ပြီး၊ ကြည်ခြင်းဆိုတာ အဲဒီသဘောကျတဲ့အရာ ဒါမှမဟုတ် ပုဂ္ဂိုလ်မှာ အခိုင်အမာ ကပ်ငြိုစွဲလန်းခြင်း၊ မြဲမြဲမြံမြံတည်မှီဆည်းကပ်ခြင်းဆိုတဲ့ လက်တွေ့အမှုအကျင့်သဘောဖြစ်ပါတယ်။
၂။ ဒါကြောင့် ယုံကြည်ခြင်းဆိုတဲ့ စကားလုံးကိုယ်၌မှာက ယုံကြည်ခြင်းရော ကိုယ်ကျင့်တရားပါ တစ်ပါးတည်းပါနေပြီးသားဖြစ်ပါတယ်။ ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားတို့ဟာ ဦးခေါင်းဖြစ်တဲ့ ခရစ်တော်နှင့် ခန္ဓာတော်ဖြစ်တဲ့ အသင်းတော်လို၊ လင်နဲ့မယားလို၊ လူရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်လို၊ အစကတည်းက နှစ်ခုမဟုတ်၊ တစ်ခုတည်း တစ်ကိုယ်တစ်သားတည်းဖြစ်တယ်။ လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်၊ အကျင့်အားဖြင့်ရောက်သည်ကို သင်တို့သိကြ၏။ ဝိညာဉ်နှင့်ကင်းသော ကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။ (ယာကုပ် ၂း၂၄-၂၆) လို့ ယုံကြည်ခြင်းနဲ့ကိုယ်ကျင့်တရားတို့ရဲ့ ခွဲ၍ခွာ၍မရအောင် ဆက်စပ်ယှဉ်တွဲနေပုံကို ရှင်ယာကုပ်က သတိပေးတာဟာ လေးစားလိုက်နာဖို့ အလွန်အရေးကြီးလှပါတယ်။

၃။ ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသည့်မေတ္တာကို ငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ (၁ ယောဟန် ၄း၁၆)။ ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကို ချစ်တော်မူ၏ (၁ယောဟန် ၄း၁၉)။ ကဲ ဒီမှာ အချစ်အကြောင်းလာပြီ။ လူငယ်တွေကို ရင်ခုန်၊ လူလတ်တွေကို ရင်ဟာ၊ လူကြီးတွေကို ရင်မောအောင်ခံစားစေတတ်တာ အချစ်ဖြစ်ပါတယ်။ ဒါကြောင့်လည်းချစ်ဖူးတယ် အိုမလွယ်ဘူးရူးနိုင်တယ်ဆိုတဲ့ သီချင်းရှိလာတာပေါ့နော်။ လူ့လောက လူ့အချစ်မှာကော၊ လောကုတ္တာရာဘုရားအချစ်မှာပါ နှစ်ဦး သို့မဟုတ် နှစ်ဖက်ပါဝင်ရပြီး၊ တစ်ဖက်ဖက်က စတင်ရစမြဲဖြစ်ပြီး၊ အခြားတစ်ဖက်ကလည်း YES OR NO တုန့်ပြန် အဖြေပေးရတဲ့ သဘောသဘာဝရှိပါတယ်။ ဒါကြောင့် အချစ်မှာ အလျားအနံမရှိပေမဲ့၊ အသွားအပြန်ရှိတယ်လို့ ဆိုစမှတ်ပြုကြတာလည်းဖြစ်ပါတယ်။ ဟုတ်တယ်။ အချစ်မှာ အသွားအပြန် ဆိုတာရှိတယ်။ ကျမ်းစာကလည်း ဒါကို ထောက်ခံပါတယ်။ ယုံကြည်ခြင်းဟာ အသွားဖြစ်ရင် ကိုယ်ကျင့်တရားဟာ အပြန်ဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရရင် ယုံကြည်ခြင်းဆိုတာဟာ ဘုရားသခင်ဆီကနေ လူဆိကိုသွားတဲ့ အချစ်ပါ။ ကိုယ်ကျင့်တရားဆိုတာဟာ လူဆီကနေ ဘုရားသခင်ဆီကို ပြန်တဲ့တုန့်ပြန်အချစ်ပါ။ သမီးရည်စားစကားငှါးပြောရမယ်ဆိုရင်တော့ ယုံကြည်ခြင်းဟာ ဘုရားသခင်က လူအားငါနင့်ကိုချစ်တယ်လို့ ပြောတဲ့စကားဖြစ်ပြီး၊ ကိုယ်ကျင့်တရားဟာ လူက ဘုရားသခင်အား ငါလည်းထပ်တူပြန်ချစ်ပါတယ်လို့ အဖြေးပေးတာဖြစ်ပါတယ်။ ယုံကြည်ခြင်းဟာ ဘုရားသခင်က လူကိုပေးတဲ့ မေတ္တာလက်ဆောင်ပါ (ဧဖက် ၂း၈)၊ ကိုယ်ကျင့်တရားဟာ လက်ဆောင်ပေးတဲ့အတွက် THANK YOU ကိုယ်တော်လို့ လူက ဘုရားသခင်အား လှိုက်လှဲယဉ်ကျေးစွာ ခွန်းတုန့်ပြန်ခြင်းပါ။

ဒါကြောင့် ယုံကြည်ခြင်းပဲ လိုတယ်။ အကျင့်တရားမလိုဘူးဆိုတာ မှန်ပါ့မလား။ ယဉ်ကျေးရာကျပါ့မလား။ တဖက်သတ်အချစ်ဟာ ပြည့်စုံမှုကင်းမဲ့လို့ တာရှည်မခံတတ်ဘူးတဲ့။ ကြလာရင် ရက်စက်ကြမ်းကြုတ် အကြင်နာကင်းမဲ့သွားတတ်တယ်တဲ့။ ကိုယ့်ကျေးဇူးပြုသူကို ကျေးဇူးမတင်တတ်ခြင်းဟာ မယဉ်ကျေးမှု၊ မပြည့်စုံမှုတစ်မျိုးဖြစ်သွားနိုင်ပါတယ်။ ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍ အကျင့်အားဖြင့် စုံလင်သည်ကိုမြင်ရ၏ (ယာကုပ်)။ ယုံခြင်းနဲ့အကျင့်တွဲမှ၊ အတူတူအလုပ်လုပ်ကြမှ စုံလင်ခြင်းဆိုတာ ရှိလာနိုင်ပါတယ်လို့ ရှင်ယာကုပ်က အတိအလင်းမိန့်ဆိုထားပါတယ်။

၎။ ဘုရားသခင်သည် မိမိပုံသဏ္ဏာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏(ကမ္ဘာဦး ၁း၂၈)။ လူက မိမိဟာ ကောင်းကင်တမန်၊ နတ်ဆိုး၊ တိရစ္ဆာန်၊ ကျောက်တုံးကျောက်ခဲ၊ သစ်ပင်နဲ့မတူဘူး။ ဘုရားရဲ့ ပုံတော်နဲ့တူတယ်ဆိုတာ အသိမှတ်ပြုလက်ခံခြင်းကို ယုံကြည်ခြင်းလို့ခေါ်ပါတယ်။ ဘုရားရဲ့ ပုံတော်ပီသအောင်၊ ဘုရားပုံတော်နှင့်ကိုက်ညီအောင်၊ ဆေကြောခြင်းအားဖြင့် ရတဲ့အမွေခံ သားသမီးပီသအောင် ပြောဆိုပြုမူနေထိုင်ခြင်းဟာ ကိုယ်ကျင့်တရားပါပဲ။ ဘုရားသခင်က ကျနော်တို့ကို ဘာလို့ သူ့ရဲ့ ပုံသဏ္ဍာန်နဲ့တူအောင် ဖန်ဆင်းတာလဲဆိုတော့ ရှင်ပေါလုက (ဧဖက် ၂ါ်၈၊၁၀)မှာ အောက်ပါရည်ရွယ်ချက်တွေရှိလို့ လို့ဆိုပါတယ်။
() ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရမည့်အကြောင်း
() ငါတို့သည် ကောင်းသောအကျင့်များကို ကျင့်မည့်အကြောင်း
() ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည့်အကြောင်း ဘုရားသခင်သည် ငါတို့ကို ယေဇူးခရစ်၌ ပြုပြင်ဖန်ဆင်းတော်မူ၏တဲ့။

၅။ ခရစ်တော်က ငါသည် ဤလောက၏အလင်းဖြစ်၏ (ရှင်ယောဟန် ၈း ၁၂)။ သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏ (ရှင်မာတေဦး ၅း၁၃)တဲ့။ ဒီမှာ ဘုရားနဲ့ကျနော်တို့ရဲ့ ပုံသဏ္ဍာန်တူညီမှုကို ခရစ်တော်က အလင်းလို့ဖော်ပြတော်မူတာကို တွေ့ရပါတယ်။ ဒါဆိုရင် အလင်းဆိုတာဘာလဲ။ ကျနော်တို့နဲ့ဘယ်လိုများ သက်ဆိုင်ဘာသလဲ။ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကို လင်းစေကြလော့ (ရှင်မာတေဦး ၅း၁၆)လို့ ယုံကြည်သူတွေက ယုံကြည်ခြင်းအလင်းကို ကိုယ်ကျင့်တရားအားဖြင့် ထွန်းလင်းစေကြဖို့ တာဝန်ပေးတော်မူပါတယ်။

၆။ ယုံကြည်ခြင်းက ကယ်တင်ခြင်းကောင်းကင်တံခါးကို ဖွင့်ပေးပါတယ်။ ဒါပေမဲ့ မထိုက်မတန်တဲ့ အကျင့်က အဲဒီတံခါးကို ပိတ်ပစ်နိုင်ပြီး၊ ကယ်တင်ခြင်းကောင်းကင်နဲ့လည်း လွဲသွားစေနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာကို ခရစ်တော်က သတိပေးထားပါတယ်။ သင်တို့ကျင့်သော အကျင့်သည် ဖာရိရှဲတို့နှင့်ကျမ်းပြုဆရာတို့ကျင့်သော အကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏ (ရှင်မာတီဦး ၅း၂၀)။ ဒါကြောင့် ရှင်ပေါလုကလည်း ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် မိမိကိုယ်ကိုကယ်တင်ခြင်းငှါ ကိုယ်တိုင်ကြိုးစားအားထုတ်ကြလော(ဖိလိပ္ပိ ၂း၁၂)။ ငါတို့သည် အားမလျှော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့ (ဂလောတိ ၆း၉)လို့ သတိလည်းပေး၊ ဖိတ်လည်းဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။
ရ။ လူကို ယုံကြည်ခြင်းပေးသူဟာ ဘုရားသခင်ဖြစ်သကဲ့သို့ ကျင့်ဖို့တွန်းအားပေးသူဟာလည်း ဘုရားသခင်ကိုယ်တော်တိုင်ပဲဖြစ်ပါတယ်။ ဒါကြောင့် ရှင်ပေါလုက အကြောင်းမူကား သင်တို့သည် အကျင့်ကျင့်စေခြင်းငှါ သင်တို့အထဲ၌ စေတနာတော်ဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း (ဖိလိပ္ပိ ၂း၁၃)လို့ မိန့်ဆိုခြင်းဖြစ်ပါတတယ်။

၈။ ကျင့်ပြီးမှ ယုံတာမဟုတ်ပါဘူး။ ယုံကြည်လို့ ကျင့်ကြံအားထုတ်နေတာဖြစ်ပါတယ်။ ကျင့်လို့ ဘုရားသားသမီးဖြစ်လာတာမဟုတ်ပါဘူး၊ ဘုရားသားသမီးဖြစ်လို့ ဘုရားသားသမီး ပီသစွာ နေထိုင်ပြုကျင့်နေတာပါ။ ကယ်တင်ခြင်းခံရဖို့ ကျင့်တာမဟုတ်ပါဘူး။ ကယ်တင်ခြင်းခံရသူမို့ ကယ်တင်ခြင်းနဲ့အညီ ကျင့်ကြံနေထိုင်ကြတာသာဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်ခြင်းဆိုတာ အခြေခံတရားဖြစ်ကြောင်း၊ ယုံကြည်ခြင်းဟာ လူသားကို လာပါ၊ လက်တွဲပါ၊ ပူးပေါင်းပါဝင်ပါလို့ ဖိတ်ခေါ်နေတဲ့ ဘုရားကျေးဇူးတော်ဖြစ်ပြီး၊ အဲဒီဖိတ်ခေါ်ချက်ကို လူသားက ယုံကြည်လက်ခံပြီးတော့ အဲဒီဘုရားကျေးဇူးတော်နဲ့ လက်တွဲပူးပေါင်းလိုက်ခြင်းဟာ ကိုယ်ကျင့်တရားဖြစ်လာပါတယ်။ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသောအကျင့်တို့သည် အပြစ်ရှိကြ၏ (ရောမ ၁၄း၂၃)လို့ ရှင်ပေါလုက ကိုယ်ကျင့်တရားဟာ ယုံကြည်ခြင်းနဲ့မတွဲရင် အပြစ်တော်ဖြစ်တယ်လို့ သတိထားဖို့ မှာကြားခဲ့ပါတယ်။

 ၉။ ယုံကြည်ခြင်းဟာ ကျေးဇူးတော်ဖြစ်ရင်၊ ကိုယ်ကျင့်တရားဆိုတာကကော ဘာလဲ။ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာဖြစ်၏ (ရောမ ၁၃း၁၀)။ ဒါကြောင့် ပြီးပြည့်စုံတဲ့ ကိုယ်ကျင့်တရားဆိုတာဟာ ချစ်ခြင်းမေတ္တာအကျင့်ပဲဖြစ်ပါတယ်။ ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း (၁ကော် ၁၃း၁၃)။ ဘာလို့ ချစ်ခြင်းမေတ္တာက အမြတ်ဆုံးဖြစ်တာလဲ။ ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းဟာ ဒီဘဝအတွက်သာဖြစ်ပြီး၊ နောင်တမလွန်ဘဝမှာ လိုအပ်တော့မည်မဟုတ်ဘဲ၊ ရှိလည်းရှိတော့မှာ မဟုတ်လို့ပဲ။ ဘာလို့လဲဆိုတော့ နောင်ဘဝကျရင် ဘုရားသခင်ကို မျက်ဝါးထင်ထင် မြင်ရတော့မှာဆိုတော့ (ရောမ ၁၃း ၁၂) ယုံကြည်တွေ၊ မျှော်လင့်ခြင်းတွေ ရှိစရာမလိုတော့ဘူး။ လူသားတွေဘက်က ကိုယ်ကျင့်တရားရဲ့ ပြည့်စုံခြင်းဖြစ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်ခြင်းမေတ္တာဖြစ်တော်မူတဲ့ ဘုရားသခင်သာ ဒီဘဝမှာလို နောင်တမလွန်ဘဝမှာလည်း ဆက်လက်ကျန်ရှိ တည်မြဲနေမှာဖြစ်လို့ပါပဲ။

၁၀။ ဒါကြောင့် ယုံကြည်ခြင်းဟာ ပင်စည်၊ ကိုယ်ကျင့်တရားဟာ အသီး။ ယုံကြည်ခြင်းဟာ မီး၊ ကိုယ်ကျင့်တရားဟာ အလင်း။ ယုံကြည်ခြင်းဟာ အသွား၊ ကိုယ်ကျင့်တရားဟာ အပြန်။ ယုံကြည်ခြင်းဟာ အခြေခံအုတ်မြတ်၊ ကိုယ်ကျင့်တရားဟာ အခြေခံအုတ်မြစ်ပေါ်က တည်ဆောက်ထားတဲ့ အဆောက်အဦး။ ယုာံကြည်ခြင်းဟာ ဒီဘဝအတွက်၊ ကိုယ်ကျင့်တရားဟာ ဒီဘဝနဲ့ နောင်ဘဝအတွက်။ ယုံကြည်ခြင်းဟာ ကျေးဇူးတော်နှင့် အသက်ရှင်ခြင်း၊ ကိုယ်ကျင့်တရားဟာ ဘုရားသခင်ကိုယ်တော်တိုင်နှင့် အသက်ရှင်ခြင်း။ ယုံကြည်ခြင်းဟာ ဘုရားရဲ့ ကျေးဇူးတော်လက်ဆောင်၊ ကိုယ်ကျင့်တရားဟာ လူရဲ့ အချစ်သက်သေ။ ယုံကြည်ခြင်းဟာ ကောင်းကင်နဲ့မြေကြီး ဌါနေနှစ်ခုကို ဆက်စပ်ပေးတဲ့အရာ၊ ကိုယ်ကျင့်တရားဟာ ဘုရားသခင်နဲ့လူသား ပုဂ္ဂိုလ်နှစ်ဦးကို ဆက်စပ်ပေးတဲ့အရာဖြစ်ပါတယ်လို့ ဝေငှာရင်း ကျနော်ရဲ့ ယုံကြည်ခြင်းနဲ့ ကိုယ်ကျင့်တရားအကြောင်း တစေ့တစောင့်လေ့လာချက်ကို နိဂုံးချုပ်ပါတယ်။

ဘုန်းတော်ကြီး ဂျိုးဇက် ကီးခွမ်အွမ်

Thursday, April 4, 2019

ဘုရားဖူးသွားရောက်ခြင်း



ဘုရားဖူးသွားရောက်ခြင်း



ကွာလာလမ်ပူကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ ဆရာတော်ကြီး ဂျူးလီယာန်သည်​ Lot 2850, Jalan Besar, 71800, Nilai, Negeri Sembilan၌ တည်​ရှိ​သော စိန်ထရေဇားဘုရားကျောင်း​​တော်ကြီး ​ကို ထူးခြားသောသာသနာပြုနှစ်ဖြစ်​​သော သက္ကရာဇ်​ ​​၂၀၁၉ ခုနှစ် အချိန်​အခါသမယအတွက်​ ဘုရားဖူးကျောင်းတော်ကြီးအဖြစ်​အဖြစ် သတ်မှတ်ခဲ့ပါသည်။ ဤထူးမြတ်သည့်​ သာသနာပြုနှစ်​တွင် ​ထိုဘုရားကျောင်း​​တော်​ကြီးသို့ ဘုရားဖူးသွား​ရောက်​ပြီး ဆု​တောင်းခြင်းအမှုများ ပြုကြပါရန်​ ဆရာ​တော်​ကြီးက ဘာသာတူများအား တိုက်တွန်းနိုး​ဆော်​ထားပါသည်။ "​သေးငယ်​​သော ပန်းပွင့်​"ဟု လူသိများ​သော ရဟန္တာမ ထရေဇားသည်​ `သာသနာပြုများအား ကူညီမှိုင်းမသူ`ဖြစ်​​ကြောင်း ၁၉၂၇ ခုနှစ်၌ ပုပ်ရဟန်းမင်းကြီးတစ်ဆယ့်တစ်ကြိမ်မြောက် ပီဦးက ကြေငြာခဲ့ပါသည်။ ရဟန္တာမထရေဇားသည် သီလရှင်ကျောင်းပြင်ပသို့ တစ်​ကြိမ်​တစ်ခါမှ မထွက်ခဲ့ဖူးသော်လည်း ခရစ်တော်၏ သတင်းကောင်းကို သွန်သင်​ဝေငှရန် ဤမလေးရှားနိုင်ငံအပါအဝင် ကမ္ဘာ့နေရာတော်တော်များများသို့ သွားရောက်သာသနာပြု​သော ရဟန္တာကြီး ဖရန်စစ်ဇေဗီးယားနှင့် တူညီ​သော ဘွဲ့နာမကို
ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ ရဟန္တာဖရန်စစ်ဇေဗီးယားသည် အိမ်​ပြင်၌ ​အားသွန်းခွန်​စိုက်လုပ်​​ဆောင်​​ရ​သော သာသနာပြုခြင်းကို ကိုယ်​စားပြု​သော ရဟန္တာဖြစ်​သကဲ့သို့ ရဟန္တမထရေဇားသည်လည်းအိမ်​တွင်း၌ တရားအားထုတ်​ကျင့်​ကြံ၍ သာသနာပြုခြင်းကို ကိုယ်​စားပြု​သော ရဟန္တာဖြစ်ပါသည်​။ ရဟန္တာထရေဇားသည် အသက်ငယ်ရွယ်စဉ်ကပင် သာသနာပြုရန်​ စိတ်ဆန္ဒပြင်းပြခဲ့သည်။ သူမ၏ဘ၀အသက်​တာတွင်​ သူမ၏ရုပ်​ခန္ဓာသည် သီလရှင်ကျောင်း၌သာ ​​ကျောက်​ချကုန်ဆုံးခဲ့ရသော်လည်း ဝေးလံခေါင်းဖျားသောနေရာဒေသများ၌ သွားရောက်ဆက်ကပ်ချင်သော သူမ၏သာသနာပြု စိတ်ဓာတ်​သည်​ ဝိညာဉ်များအတွက် လောင်ကျွမ်းနေခဲ့ပြီး​ဖြစ်သည်။ ရဟန္တာမထရေဇား၏ စံနာမူနာကို အတုယူလျက်၊ တရားအားထုတ်​၍​ဆုတောင်းခြင်းအသက်​တာ၌ ရှင်​သန်​ခြင်းသည် သာသနာပြု လုပ်​ငန်း၌ မရှိမဖြစ်လိုအပ်သော အသက်​တာဖြစ်​​ကြောင်း အမြဲတမ်း နှလုံးသွင်းကြပါစို့။ မစ္ဆားတရားနာယူခြင်း၊ ကိုယ်တော်မြတ်ဖူးမြော်ခြင်း၊ ဆုတောင်းမေတ္တာပြုခြင်းနှင့် အစာရှောင်ခြင်းတို့သည် သာသနာပြုအသက်တာ၌ လွန်​စွာပင်​ အ​ရေးပါလှပါသည်​။ ထို့အပြင်​ ၎င်းတို့သည်​ သာသနာပြုလုပ်ငန်းအားလုံး၏ မြစ်​ဖျားခံရာ မူလအရင်းအမြစ်နှင့် အထွတ်အထိပ်​ပင် ဖြစ်သည်။