Search This Blog

Friday, June 21, 2019

သန့်ရှင်းသော ဝိညာဉ်တော်ဘုရား



အမှုတော်မြတ်၌ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားပါမပါ ဘယ်လို့သိနိုင်မလဲ။

ဒီကနေ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားပွဲနေ့မှာ ကျနော်တို့ ဖတ်ရှုရတဲ့ကျမ်းစာထဲက အိမ်ပြန်ရင် မိမိတို့နဲ့အတူ သယ်သွားဖို့ အချက်လေးချက်ကို ဆွေးနွေးချင်ပါတယ်။
တချို့က ပြောတယ်။ သေတဲ့သူကို ပြန်ရှင်စေခြင်း။ တချို့က လူနာကို ကျန်းမာစေခြင်း။ တချို့က တောင်ကြီးကို ရွေ့လျာစေခြင်း။ တချို့က တန်ခိုးလက္ခဏာအမျိုးမျိုးပြုလုပ်ခြင်း။



သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဟာ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားမှာ ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်။

ပထမအချက်အနေနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ အကြီးမားဆုံးနဲ့ အခက်ခဲဖြစ်မယ့်လုပ်ဆောင်ချက်မှာ လူတစ်ဦးကို နောင်တရစေခြင်းအလုပ်က အခက်ခဲဆုံးနဲ့ အရေးကြီးဆုံးဖြစ်ပါတယ်။
သေသောသူကို ပြန်ရှင်စေခြင်းမဟုတ်ဘူး။ မကျန်းမာသောသူကို ကျန်းမာစေခြင်းလည်း မဟုတ်ပါ။ တန်ခိုးပြုလုပ်ခြင်းလည်း မဟုတ်ပါဘူး။ နောင်တတရားရစေခြင်းပဲဖြစ်ပါတယ်။
လူသားတွေဟာ သခင်ခရစ်တော်နဲ့ တစ်လုံးတစ်ဝတည်းဖြစ်ဖို့ နောင်တတရားလိုအပ်ပါတယ်။ နောင်တတရားရဖို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ဘုရားက အဓိက လုပ်ဆောင်ပေးနေတယ်။
ဘာဖြစ်လို့ လူတစ်ဦးနောင်တရရေးအလုပ်က အလွန်ခက်ခဲတာလဲ။ ဘုရားသခင်က လူကို ဖန်ဆင်းတုန်းက လွတ်လပ်ခြင်းကို အပြည့်အဝပေးထားတာမို့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက လူကို ဘယ်တော့မှ အတင်းအကြပ်မလုပ်ခိုင်းဘူး။ ကောင်း၊မကောင်းနဲ့ သမ္မတရားလမ်းကိုပဲ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက အမြဲတမ်းညွှန်ပြလျက်ရှိပါတယ်။ ဒါပေမဲ့ လူတွေက လိုက်နာနာခံမှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ လုပ်ဆောင်ချက်သည် အောင်မြင်နိုင်မည်ဖြစ်တယ်။ လူတစ်ဦး နောင်တသံဝေဂရစေခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ဘုရားအတွက် အကြီးမားဆုံးနဲ့ အရေးကြီးဆုံးလုပ်ဆာင်ချက်ဖြစ်တယ်။ ဘာဖြစ်လို့ ဒီလိုပြောဆိုနိုင်တာလဲဆိုရင် သခင်ယေဇူးက “ထိုနေ့ရက်ကျရောက်သောအခါ များစွာသောသူတို့က ငါ့ကို သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်၌ ဟောပြောခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ များစွာသော တန်ခိုးတို့ကို ပြသခြင်းအစရှိသည်တို့ကို ပြုခဲ့ကြသည် မဟုတ်ပါလောဟု လျှောက်ကြလိမ့်မည်။ ထိုအခါ ငါက သင်တို့ကို ငါမသိ၊ မတရားသော အမှုကို ပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့ဟူ၍ သူတို့အား ငါအတိအလင်းပြောဆိုမည် (ရှင်မာတီဦး ၇း ၂၂-၂၃)။”
ဝိညာဉ်တော်ဘုရားရဲ့ ဇာတိတော်က ကခုန်ခြင်းလည်း မဟုတ်သလို လူတွေအများကြီး လဲကျစေခြင်းလည်း မဆိုလိုပာဘူး။
လူတစ်ဦးရဲ့အသက်တာ၌ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ အကြီးမားဆုံးလုပ်ဆောင်ချက်ကို ဘယ်လိုသိနိုင်မလဲ။ သင်ဟာ အမှန်တကယ် နောင်တရလို့ အာပတ်ဖြေတဲ့အချိန်ဟာ သင်အစစ်အမှန် ဝိညာဉ်တော်ဘုရားနဲ့ ပြည့်ဝနေတဲ့အချိန်လည်းဖြစ်ပါတယ်။
ဒုတိယအရေးကြီးလုပ်ဆောင်ချက်က စည်းလုံးခြင်းဖြစ်ပါတယ်။ သန်ရှင်းသောဝိညာဉ်တော်ဘုရားက သန့်ရှင်းစယ်ကြယ်စေသူ (The Sanctifier) ဖြစ်ပါတယ်။ လူတစ်ဦး သန့်ရှင်းစင်ကြယ်ဖို့အတွက် အရင်းဆုံးနောင်တရဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နောင်တရခြင်းကို ပထမထားပြီး၊ ဒုတိယစည်းလုံးခြင်းနဲ့ အခြားသန့်ရှင်းသောဝိညာဉ်တော်ဘုရားလုပ်ဆောင်ချက်များလိုက်လာတာပါ။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက လူတွေကို မကွဲပြားစေတတ်ဘူး။ လူတွေကို ရန်မပြုစေတတ်ဘူး။ ဒီဒုတိယအချက်ကို နာလည်ဖို့ဆိုရင် ဓမ္မဟောင်းခေတ်ကာလတုန်းက လူတွေက ချမ်းသာတယ်၊ တိုးတက်လာတဲ့အခါ ဘုရားသခင်နဲ့ တိုက်ရိုက်စကားပြောဖို့ ဘားဘေးမျှော်စင်ကို တည်ဆောက်လာခဲ့ကြတယ်။ ဒါပေမဲ့ ဘုရားသခင်က မနှစ်သက်ဘူး။ ဘာလို့လဲဆိုတော့ ဒီလူတွေက သူတို့ရဲ့ပညာ၊ သူတို့ရဲ့ ချမ်းသာခြင်းကိုပဲ အားကူလာခဲ့ကြတယ်။ ဒါကြောင့် သူတို့ကို ဘာသာစကားအမျိုးမျိုးကွဲပြားစေခဲ့တယ်။ ဒီနောက်ပိုင်း အချင်းချင်းစကားနာမည်တော့တဲ့အခါ ဘာမှဆက်လုပ်လို့မရတော့ဘဲ ဘားဘေးမျှော်စင်ကြီးလဲ မအောင်ဘဲဖြစ်ခဲ့ရပါတယ်။
သို့သော် ဓမ္မခေတ်ကာလာရောက်တော့ သခင်ခရစ်တော်က ဒီလိုကွဲပြားသောလူမျိုးများ၊ ခြားနားနေတဲ့ ဘာသာစကားများကို တစ်စုတစ်တည်းဖြစ်ရန်အတွက် သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဆေးကြောခြင်းတစ်ပါးတည်းဖြစ်လာအောင်စုစည်းလာခဲ့တယ်။ အထူးသဖြင့် ဒီကနေ ပထမကျမ်းစာထဲမှာ သန့်ရှင်းသောဝိညာဉ်ဘုရားရဲ့ အဓိကလုပ်ဆောင်ချက်ကိုလဲတွေ့ပြန်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား တပည့်တော်ကြီး တစ်ဆယ့်နှစ်ပါးအပေါ်ဆင်းသက်ပွဲနေ့မှာ “ထိုလူအပေါင်းတို့သည်လည်း အံ့ သြတွေဝေလျက်ဆိုကြသည်မှာ စကားပြောဆိုနေကြ
သော ဤသူအားလုံးတို့သည် ဂါလေလေးယ နယ်သားများ မဟုတ်ပါသလော။ သူတို့ပြောဆိုနေကြသည်ကို
ငါတို့သည် မိမိတို့၏ဘာသာစကားအသီးသီးဖြင့် ကြားနေကြရသည်မှာ အဘယ်သို့ဖြစ်သနည်း။ ပါသိယလူ
မျိုး၊ မေဒေလူမျိုးနှင့်ဧလာမိလူမျိုးများ၊ မေဆိုပိုတမိယ၊ ဂျူဒေးယ၊ ကပ္ပါဒိုးစိယပြည်၊ ပုန္တုပြည်၊ အာရှ၊ ၁၀။ဖရိဂျီ
ယနှင့် ပမ်ဖိလိယပြည်၊ အီဂျစ်ပြည်၊ ဆီရီနေမြို့လက်အောက်ရှိ လစ်ဗျားပြည်မှ နယ်ပယ်တို့တွင် နေထိုင်သူ
များ၊ ရောမမြို့မှလာကြသော ဂျူးလူမျိုးများနှင့် ဂျူးဘာသာသို့ ကူးပြောင်းလာသူများ၊ ခရိကျွန်းသူကျွန်း
သားများနှင့်အာရေးဘိယပြည်သားများဖြစ်ကြသော ငါတို့သည် ဤသူတို့ပြောဆိုနေကြသော ဘုရားသ္ခင်၏ အံ့သြဖွယ်ရာအမှုတော်များကို ငါ တို့၏ဘာသာစကားအသီးသီးဖြင့် ကြားနေရပါသည်တကားဟု ဆိုကြ
လေ၏။” (တမန်တော် ၂း ၇-၁၁)။
“အဘယ်ကြောင့်ဆိုသော် ငါတို့အားလုံးသည် ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ဝိညာဉ်တော် တစ်ပါတည်းအားဖြင့် ကိုယ်ခန္ဒာ တစ်ခုတည်းအဖြစ်ဆေးကြောခြင်းခံယူခဲ့ကြ၏။ ငါတို့အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်းထံမှ သောက်သုံးခဲ့ကြရ၏ (၁ ကော် ၁၂း ၁၁)။”
သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ဘားဘေးမျှော်စင်တည်ဆောင်စဉ်က ဘာသာစကားစတင်ကွဲပြားသော လူမျိုးအပေါင်းတို့အား သခင်ခရစ်တော်၌ ပြန်လည်ပေါင်းစည်းခြင်း၊ စည်းလုံးခြင်းကို ပြန်ပေးနေပါတယ်။
ဒီမှာ သန့်ရှင်းသော ဝိညာဉ်တော် ရတဲ့လူတွေက ဘာတွေလုပ်နေသလဲ။ မရတဲ့လူတွေရဲ့ လုပ်ရပ်တွေ ဘာတွေလဲဆိုတာ အနည်းနဲ့အများထပ်ဆွေးနွေးချင်ပါသေးတယ်။ ဝိညာဉ်တော် ရတဲ့သူတွေက အဓိက စည်းလုံးခြင်း၊ သခင်ခရစ်တော်၌ အချင်းချင်းခန္ဓာကိုယ်တစ်ခုတည်းအဖြစ် လုပ်ဆောင်ရမယ်။ ဝိညာဉ်တော်ရရင် ငါ့သဘောဆိုတာ မရှိနိုင်တော့ဘူး။ ငါသွားမယ်။ ငါလာမယ်။ ငါလုပ်မယ်။ ဒါမျိုးမရှိရတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုရင် “ထို့နောက် ညီအစ်ကိုတို့၊ သင်တို့ထဲ တွင် ဂုဏ်သိက္ခာရှိ၍ ဝိညာဉ်တော်မြတ်နှင့်လည်းကောင်း၊ ပညာအမြော်အမြင်နှင့် လည်းကောင်း ပြည့်စုံသော သူခုနစ်ဦးကို ရွေးချယ်ကြလော့။ ငါတို့သည် ထိုသူတို့အား ဤတာဝန်ကို ထမ်းဆောင်ကြရန် ခန့်ထားမည်။ သူတို့ကို တမန်တော်တို့၏ ရှေ့သို့ ခေါ်ဆောင်လာကြ၍ တမန်တော်တို့သည်လည်း ဆုတောင်းပြီး မိမိတို့၏ လက်များကို သူတို့အပေါ်သို့ တင်ကြ၏ (တမန်တော် ၆း ၃၊၆)။” (တမန်တော် ၁း ၁၆….) (7 Deacons)
ဘယ်လောက်ပဲ ဝိညာဉ်တော်ဘုရားနဲ့ ပြည့်ဝနေပါစေ၊ တမန်တော်များရဲ့ လက်တင်ဆုတောင်းပေးခြင်းနဲ့အတူ တာဝန်ပေးခံရဖို့ လိုအပ်တယ်ဆိုတာကိုလဲ သိရှိရပါတယ်။ အခုခေတ်မှာလဲ အသင်းတော်မှာ ဘယ်လောက်ပဲ တက်ကြွနေပါစေ၊ ဘယ်လောက်ပဲ ကျမ်းစာတော်နာလည်ပါစေ အသင်းတော်၏ ခေါင်းဆောင်ဆရာတော်များ၊ ရဟန်တော်များရဲ့ လက်တင်ဆုတောင်းပေးခြင်းနှင့်အတူ တာဝန်ပေးခြင်း သို့မဟုတ် စေလွှတ်ခြင်းခံဖို့ အရေးကြီးလှပါတယ်။
တတိယအချက်မှာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ကြိုတင်ဟောထားလို့မရ။
ဘယ်ဂျီယန်ကာဒီနယ်တစ်ပါးက ၁၉၆၈ ခုနစ်တွင် လူတွေက သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကို လှောင်အိမ်ထဲမှာပဲ ခတ်ထားတယ်လို့ ပြောဖူးတယ်။ လူတချို့က ဝိညာဉ်တော်ဘုရားကို ထွက်လာစေချင်တဲ့အခါ ထွက်လာခိုင်းတယ်။ လှောင်အိမ်ထဲ ပြန်ထည့်ချင်တဲ့အခါ ပြန်ထည့်လိုက်တယ်။ ဝိညာဉ်တော်ဘုရားကို သူတို့ရဲ့ အချိန်ဇယားထဲမှာပဲ ထားတယ်။ သခင်ခရစ်တော်က ငါ့နောက်ကို လိုက်ပါလို့ ပြောတယ်။ အခုတော့ ငါ့နောက်ကို ကိုယ်တော်လိုက်ပါလို့ ပြောတာနဲ့ အတူတူဖြစ်လာတယ်။ လူတစ်ဦးကို ဆုတောင်းပေးတယ်။ လဲသွားတယ်။ ဒါပေမဲ့ ကက်သလစ်အသင်းတော်က သန့်ရှင်းသော ဝိညာဉ်ဘုရားရဲ့ လုပ်ဆောင်ချက်လို့ ချက်ချင်းမသတ်မှတ်ဘူး။
စတုတ္ထအချက်မှာ ကျနော်တို့ကိုးကွယ်တဲ့ ပုဂ္ဂိုလ်သုံးပါးစလုံးဟာ ဘုရားဇာတိတော်၌ တစ်ဆူတည်းလည်းဖြစ်၊ တစ်လုံးတစ်ဝတည်းတည်ရှိနေသောဘုရားဖြစ်ပါတယ်။ အဖခမည်းတော်ဘုရား ပေးအပ်ခဲ့တဲ့ ပညတ်တော် ၁၀ ပါးသည် ဝိညာဉ်တော်ဘုရားနဲ့ ဘယ်သောအခါမှာမှ ဆန့်ကျင်လျက်မရှိသလို သခင်ခရစ်တော်သားတော်ဘုရားလည်း "ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို ပယ်ဖျက်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ခြင်းငှာမဟုတ်၊ ပြီးပြည့်စုံခြင်းငှာ ငါလာသတည်း (ရှင်မာတီဦး ၅း ၁၇)။
ညတ်တရားလည်း မလိုတော့ဘူးလို့ ပြောလာကြတယ်။ အရမ်းကြောက်ဖို့ ကောင်းပါတယ်။ ကိုယ်နဲ့ ဘုရားပဲ အဓိကပါလို့လဲ ထပ်ပြောလာတယ်။ ပညတ်တော်ဆယ်ပါးထဲက ၂ ဘုရား၏ နာမတော်မြတ်ကို မရိုမသေမသုံးဆောင်ခြင့်မပြုရ။ ၄ မိဘကို ရိုသေခြင်းပြုလော့။
ဝိညာဉ်တော်သည် ဘုရားဖြစ်သောကြောင့် ဝိညာဉ်တော်ဘုရားကို ဟိုအကြောင်းပြ၊ ဒီအကြောင်းပြလိုက်နဲ့ ဝိညာဉ်တော်က နိမိတ်ပြဆိုပြီး လူတွေက ဟိုဘက်မောင်းလိုက်၊ ဒီဖက်မောင်းလိုက်နဲ့ လူတွေက ဝိညာဉ်တော် ဘုရားကို စေခိုင်းဖို့မဟုတ်ဘဲ၊ ဝိညာဉ်တော်ဘုရားရဲ့ စေခိုင်းညွှန်ပြရာကိုသာ လူသားတို့အနေနဲ့ လိုက်ကြရမည်ဖြစ်တယ် (Ezikiel ၁၄း၊ ၁၆း)။
ဒါကြောင့် ဤအချက်လေးချက်ဖြစ်တဲ့ နောင်တတရား(နိမ့်ချခြင်း)၊ စည်းလုံးခြင်း၊ မှန်းဆလို့မရနိုင်ခြင်းနဲ့ ပညတ်တရားနဲ့ကိုက်ညီခြင်းစသည့်အချက်တို့နဲ့ အန်လိုင်းပေါ်မှာ ဗီဒီယိုအသံဖိုင် တရားဟောချက်တွေ တကယ်ဝိညာဉ်တော်ဘုရားနဲ့ ဆန့်ကျင်ဘက်ဖြစ်၊ ဆန့်ကျင်ဘက်မဖြစ်ကို ချင်းချိန်လို့ရအောင် ဇွန်လ ၉ ရက် Pentecost Sunday နေ့ Fr. Damiam Dal ရဲ့ သြဝါဒကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။