Search This Blog

Friday, June 21, 2019

သန့်ရှင်းသော ဝိညာဉ်တော်ဘုရား



အမှုတော်မြတ်၌ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားပါမပါ ဘယ်လို့သိနိုင်မလဲ။

ဒီကနေ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားပွဲနေ့မှာ ကျနော်တို့ ဖတ်ရှုရတဲ့ကျမ်းစာထဲက အိမ်ပြန်ရင် မိမိတို့နဲ့အတူ သယ်သွားဖို့ အချက်လေးချက်ကို ဆွေးနွေးချင်ပါတယ်။
တချို့က ပြောတယ်။ သေတဲ့သူကို ပြန်ရှင်စေခြင်း။ တချို့က လူနာကို ကျန်းမာစေခြင်း။ တချို့က တောင်ကြီးကို ရွေ့လျာစေခြင်း။ တချို့က တန်ခိုးလက္ခဏာအမျိုးမျိုးပြုလုပ်ခြင်း။



သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဟာ ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရားမှာ ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်။

ပထမအချက်အနေနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားရဲ့ အကြီးမားဆုံးနဲ့ အခက်ခဲဖြစ်မယ့်လုပ်ဆောင်ချက်မှာ လူတစ်ဦးကို နောင်တရစေခြင်းအလုပ်က အခက်ခဲဆုံးနဲ့ အရေးကြီးဆုံးဖြစ်ပါတယ်။
သေသောသူကို ပြန်ရှင်စေခြင်းမဟုတ်ဘူး။ မကျန်းမာသောသူကို ကျန်းမာစေခြင်းလည်း မဟုတ်ပါ။ တန်ခိုးပြုလုပ်ခြင်းလည်း မဟုတ်ပါဘူး။ နောင်တတရားရစေခြင်းပဲဖြစ်ပါတယ်။
လူသားတွေဟာ သခင်ခရစ်တော်နဲ့ တစ်လုံးတစ်ဝတည်းဖြစ်ဖို့ နောင်တတရားလိုအပ်ပါတယ်။ နောင်တတရားရဖို့အတွက် သန့်ရှင်းသောဝိညာဉ်တော်ဘုရားက အဓိက လုပ်ဆောင်ပေးနေတယ်။
ဘာဖြစ်လို့ လူတစ်ဦးနောင်တရရေးအလုပ်က အလွန်ခက်ခဲတာလဲ။ ဘုရားသခင်က လူကို ဖန်ဆင်းတုန်းက လွတ်လပ်ခြင်းကို အပြည့်အဝပေးထားတာမို့ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက လူကို ဘယ်တော့မှ အတင်းအကြပ်မလုပ်ခိုင်းဘူး။ ကောင်း၊မကောင်းနဲ့ သမ္မတရားလမ်းကိုပဲ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက အမြဲတမ်းညွှန်ပြလျက်ရှိပါတယ်။ ဒါပေမဲ့ လူတွေက လိုက်နာနာခံမှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ လုပ်ဆောင်ချက်သည် အောင်မြင်နိုင်မည်ဖြစ်တယ်။ လူတစ်ဦး နောင်တသံဝေဂရစေခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ဘုရားအတွက် အကြီးမားဆုံးနဲ့ အရေးကြီးဆုံးလုပ်ဆာင်ချက်ဖြစ်တယ်။ ဘာဖြစ်လို့ ဒီလိုပြောဆိုနိုင်တာလဲဆိုရင် သခင်ယေဇူးက “ထိုနေ့ရက်ကျရောက်သောအခါ များစွာသောသူတို့က ငါ့ကို သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်၌ ဟောပြောခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ များစွာသော တန်ခိုးတို့ကို ပြသခြင်းအစရှိသည်တို့ကို ပြုခဲ့ကြသည် မဟုတ်ပါလောဟု လျှောက်ကြလိမ့်မည်။ ထိုအခါ ငါက သင်တို့ကို ငါမသိ၊ မတရားသော အမှုကို ပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့ဟူ၍ သူတို့အား ငါအတိအလင်းပြောဆိုမည် (ရှင်မာတီဦး ၇း ၂၂-၂၃)။”
ဝိညာဉ်တော်ဘုရားရဲ့ ဇာတိတော်က ကခုန်ခြင်းလည်း မဟုတ်သလို လူတွေအများကြီး လဲကျစေခြင်းလည်း မဆိုလိုပာဘူး။
လူတစ်ဦးရဲ့အသက်တာ၌ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ အကြီးမားဆုံးလုပ်ဆောင်ချက်ကို ဘယ်လိုသိနိုင်မလဲ။ သင်ဟာ အမှန်တကယ် နောင်တရလို့ အာပတ်ဖြေတဲ့အချိန်ဟာ သင်အစစ်အမှန် ဝိညာဉ်တော်ဘုရားနဲ့ ပြည့်ဝနေတဲ့အချိန်လည်းဖြစ်ပါတယ်။
ဒုတိယအရေးကြီးလုပ်ဆောင်ချက်က စည်းလုံးခြင်းဖြစ်ပါတယ်။ သန်ရှင်းသောဝိညာဉ်တော်ဘုရားက သန့်ရှင်းစယ်ကြယ်စေသူ (The Sanctifier) ဖြစ်ပါတယ်။ လူတစ်ဦး သန့်ရှင်းစင်ကြယ်ဖို့အတွက် အရင်းဆုံးနောင်တရဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နောင်တရခြင်းကို ပထမထားပြီး၊ ဒုတိယစည်းလုံးခြင်းနဲ့ အခြားသန့်ရှင်းသောဝိညာဉ်တော်ဘုရားလုပ်ဆောင်ချက်များလိုက်လာတာပါ။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားက လူတွေကို မကွဲပြားစေတတ်ဘူး။ လူတွေကို ရန်မပြုစေတတ်ဘူး။ ဒီဒုတိယအချက်ကို နာလည်ဖို့ဆိုရင် ဓမ္မဟောင်းခေတ်ကာလတုန်းက လူတွေက ချမ်းသာတယ်၊ တိုးတက်လာတဲ့အခါ ဘုရားသခင်နဲ့ တိုက်ရိုက်စကားပြောဖို့ ဘားဘေးမျှော်စင်ကို တည်ဆောက်လာခဲ့ကြတယ်။ ဒါပေမဲ့ ဘုရားသခင်က မနှစ်သက်ဘူး။ ဘာလို့လဲဆိုတော့ ဒီလူတွေက သူတို့ရဲ့ပညာ၊ သူတို့ရဲ့ ချမ်းသာခြင်းကိုပဲ အားကူလာခဲ့ကြတယ်။ ဒါကြောင့် သူတို့ကို ဘာသာစကားအမျိုးမျိုးကွဲပြားစေခဲ့တယ်။ ဒီနောက်ပိုင်း အချင်းချင်းစကားနာမည်တော့တဲ့အခါ ဘာမှဆက်လုပ်လို့မရတော့ဘဲ ဘားဘေးမျှော်စင်ကြီးလဲ မအောင်ဘဲဖြစ်ခဲ့ရပါတယ်။
သို့သော် ဓမ္မခေတ်ကာလာရောက်တော့ သခင်ခရစ်တော်က ဒီလိုကွဲပြားသောလူမျိုးများ၊ ခြားနားနေတဲ့ ဘာသာစကားများကို တစ်စုတစ်တည်းဖြစ်ရန်အတွက် သခင်တစ်ပါး၊ ယုံကြည်ခြင်းတစ်ပါး၊ ဆေးကြောခြင်းတစ်ပါးတည်းဖြစ်လာအောင်စုစည်းလာခဲ့တယ်။ အထူးသဖြင့် ဒီကနေ ပထမကျမ်းစာထဲမှာ သန့်ရှင်းသောဝိညာဉ်ဘုရားရဲ့ အဓိကလုပ်ဆောင်ချက်ကိုလဲတွေ့ပြန်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား တပည့်တော်ကြီး တစ်ဆယ့်နှစ်ပါးအပေါ်ဆင်းသက်ပွဲနေ့မှာ “ထိုလူအပေါင်းတို့သည်လည်း အံ့ သြတွေဝေလျက်ဆိုကြသည်မှာ စကားပြောဆိုနေကြ
သော ဤသူအားလုံးတို့သည် ဂါလေလေးယ နယ်သားများ မဟုတ်ပါသလော။ သူတို့ပြောဆိုနေကြသည်ကို
ငါတို့သည် မိမိတို့၏ဘာသာစကားအသီးသီးဖြင့် ကြားနေကြရသည်မှာ အဘယ်သို့ဖြစ်သနည်း။ ပါသိယလူ
မျိုး၊ မေဒေလူမျိုးနှင့်ဧလာမိလူမျိုးများ၊ မေဆိုပိုတမိယ၊ ဂျူဒေးယ၊ ကပ္ပါဒိုးစိယပြည်၊ ပုန္တုပြည်၊ အာရှ၊ ၁၀။ဖရိဂျီ
ယနှင့် ပမ်ဖိလိယပြည်၊ အီဂျစ်ပြည်၊ ဆီရီနေမြို့လက်အောက်ရှိ လစ်ဗျားပြည်မှ နယ်ပယ်တို့တွင် နေထိုင်သူ
များ၊ ရောမမြို့မှလာကြသော ဂျူးလူမျိုးများနှင့် ဂျူးဘာသာသို့ ကူးပြောင်းလာသူများ၊ ခရိကျွန်းသူကျွန်း
သားများနှင့်အာရေးဘိယပြည်သားများဖြစ်ကြသော ငါတို့သည် ဤသူတို့ပြောဆိုနေကြသော ဘုရားသ္ခင်၏ အံ့သြဖွယ်ရာအမှုတော်များကို ငါ တို့၏ဘာသာစကားအသီးသီးဖြင့် ကြားနေရပါသည်တကားဟု ဆိုကြ
လေ၏။” (တမန်တော် ၂း ၇-၁၁)။
“အဘယ်ကြောင့်ဆိုသော် ငါတို့အားလုံးသည် ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ဝိညာဉ်တော် တစ်ပါတည်းအားဖြင့် ကိုယ်ခန္ဒာ တစ်ခုတည်းအဖြစ်ဆေးကြောခြင်းခံယူခဲ့ကြ၏။ ငါတို့အားလုံးသည် ဝိညာဉ်တော် တစ်ပါးတည်းထံမှ သောက်သုံးခဲ့ကြရ၏ (၁ ကော် ၁၂း ၁၁)။”
သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ဘားဘေးမျှော်စင်တည်ဆောင်စဉ်က ဘာသာစကားစတင်ကွဲပြားသော လူမျိုးအပေါင်းတို့အား သခင်ခရစ်တော်၌ ပြန်လည်ပေါင်းစည်းခြင်း၊ စည်းလုံးခြင်းကို ပြန်ပေးနေပါတယ်။
ဒီမှာ သန့်ရှင်းသော ဝိညာဉ်တော် ရတဲ့လူတွေက ဘာတွေလုပ်နေသလဲ။ မရတဲ့လူတွေရဲ့ လုပ်ရပ်တွေ ဘာတွေလဲဆိုတာ အနည်းနဲ့အများထပ်ဆွေးနွေးချင်ပါသေးတယ်။ ဝိညာဉ်တော် ရတဲ့သူတွေက အဓိက စည်းလုံးခြင်း၊ သခင်ခရစ်တော်၌ အချင်းချင်းခန္ဓာကိုယ်တစ်ခုတည်းအဖြစ် လုပ်ဆောင်ရမယ်။ ဝိညာဉ်တော်ရရင် ငါ့သဘောဆိုတာ မရှိနိုင်တော့ဘူး။ ငါသွားမယ်။ ငါလာမယ်။ ငါလုပ်မယ်။ ဒါမျိုးမရှိရတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုရင် “ထို့နောက် ညီအစ်ကိုတို့၊ သင်တို့ထဲ တွင် ဂုဏ်သိက္ခာရှိ၍ ဝိညာဉ်တော်မြတ်နှင့်လည်းကောင်း၊ ပညာအမြော်အမြင်နှင့် လည်းကောင်း ပြည့်စုံသော သူခုနစ်ဦးကို ရွေးချယ်ကြလော့။ ငါတို့သည် ထိုသူတို့အား ဤတာဝန်ကို ထမ်းဆောင်ကြရန် ခန့်ထားမည်။ သူတို့ကို တမန်တော်တို့၏ ရှေ့သို့ ခေါ်ဆောင်လာကြ၍ တမန်တော်တို့သည်လည်း ဆုတောင်းပြီး မိမိတို့၏ လက်များကို သူတို့အပေါ်သို့ တင်ကြ၏ (တမန်တော် ၆း ၃၊၆)။” (တမန်တော် ၁း ၁၆….) (7 Deacons)
ဘယ်လောက်ပဲ ဝိညာဉ်တော်ဘုရားနဲ့ ပြည့်ဝနေပါစေ၊ တမန်တော်များရဲ့ လက်တင်ဆုတောင်းပေးခြင်းနဲ့အတူ တာဝန်ပေးခံရဖို့ လိုအပ်တယ်ဆိုတာကိုလဲ သိရှိရပါတယ်။ အခုခေတ်မှာလဲ အသင်းတော်မှာ ဘယ်လောက်ပဲ တက်ကြွနေပါစေ၊ ဘယ်လောက်ပဲ ကျမ်းစာတော်နာလည်ပါစေ အသင်းတော်၏ ခေါင်းဆောင်ဆရာတော်များ၊ ရဟန်တော်များရဲ့ လက်တင်ဆုတောင်းပေးခြင်းနှင့်အတူ တာဝန်ပေးခြင်း သို့မဟုတ် စေလွှတ်ခြင်းခံဖို့ အရေးကြီးလှပါတယ်။
တတိယအချက်မှာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ကြိုတင်ဟောထားလို့မရ။
ဘယ်ဂျီယန်ကာဒီနယ်တစ်ပါးက ၁၉၆၈ ခုနစ်တွင် လူတွေက သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကို လှောင်အိမ်ထဲမှာပဲ ခတ်ထားတယ်လို့ ပြောဖူးတယ်။ လူတချို့က ဝိညာဉ်တော်ဘုရားကို ထွက်လာစေချင်တဲ့အခါ ထွက်လာခိုင်းတယ်။ လှောင်အိမ်ထဲ ပြန်ထည့်ချင်တဲ့အခါ ပြန်ထည့်လိုက်တယ်။ ဝိညာဉ်တော်ဘုရားကို သူတို့ရဲ့ အချိန်ဇယားထဲမှာပဲ ထားတယ်။ သခင်ခရစ်တော်က ငါ့နောက်ကို လိုက်ပါလို့ ပြောတယ်။ အခုတော့ ငါ့နောက်ကို ကိုယ်တော်လိုက်ပါလို့ ပြောတာနဲ့ အတူတူဖြစ်လာတယ်။ လူတစ်ဦးကို ဆုတောင်းပေးတယ်။ လဲသွားတယ်။ ဒါပေမဲ့ ကက်သလစ်အသင်းတော်က သန့်ရှင်းသော ဝိညာဉ်ဘုရားရဲ့ လုပ်ဆောင်ချက်လို့ ချက်ချင်းမသတ်မှတ်ဘူး။
စတုတ္ထအချက်မှာ ကျနော်တို့ကိုးကွယ်တဲ့ ပုဂ္ဂိုလ်သုံးပါးစလုံးဟာ ဘုရားဇာတိတော်၌ တစ်ဆူတည်းလည်းဖြစ်၊ တစ်လုံးတစ်ဝတည်းတည်ရှိနေသောဘုရားဖြစ်ပါတယ်။ အဖခမည်းတော်ဘုရား ပေးအပ်ခဲ့တဲ့ ပညတ်တော် ၁၀ ပါးသည် ဝိညာဉ်တော်ဘုရားနဲ့ ဘယ်သောအခါမှာမှ ဆန့်ကျင်လျက်မရှိသလို သခင်ခရစ်တော်သားတော်ဘုရားလည်း "ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကို ပယ်ဖျက်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်။ ပယ်ဖျက်ခြင်းငှာမဟုတ်၊ ပြီးပြည့်စုံခြင်းငှာ ငါလာသတည်း (ရှင်မာတီဦး ၅း ၁၇)။
ညတ်တရားလည်း မလိုတော့ဘူးလို့ ပြောလာကြတယ်။ အရမ်းကြောက်ဖို့ ကောင်းပါတယ်။ ကိုယ်နဲ့ ဘုရားပဲ အဓိကပါလို့လဲ ထပ်ပြောလာတယ်။ ပညတ်တော်ဆယ်ပါးထဲက ၂ ဘုရား၏ နာမတော်မြတ်ကို မရိုမသေမသုံးဆောင်ခြင့်မပြုရ။ ၄ မိဘကို ရိုသေခြင်းပြုလော့။
ဝိညာဉ်တော်သည် ဘုရားဖြစ်သောကြောင့် ဝိညာဉ်တော်ဘုရားကို ဟိုအကြောင်းပြ၊ ဒီအကြောင်းပြလိုက်နဲ့ ဝိညာဉ်တော်က နိမိတ်ပြဆိုပြီး လူတွေက ဟိုဘက်မောင်းလိုက်၊ ဒီဖက်မောင်းလိုက်နဲ့ လူတွေက ဝိညာဉ်တော် ဘုရားကို စေခိုင်းဖို့မဟုတ်ဘဲ၊ ဝိညာဉ်တော်ဘုရားရဲ့ စေခိုင်းညွှန်ပြရာကိုသာ လူသားတို့အနေနဲ့ လိုက်ကြရမည်ဖြစ်တယ် (Ezikiel ၁၄း၊ ၁၆း)။
ဒါကြောင့် ဤအချက်လေးချက်ဖြစ်တဲ့ နောင်တတရား(နိမ့်ချခြင်း)၊ စည်းလုံးခြင်း၊ မှန်းဆလို့မရနိုင်ခြင်းနဲ့ ပညတ်တရားနဲ့ကိုက်ညီခြင်းစသည့်အချက်တို့နဲ့ အန်လိုင်းပေါ်မှာ ဗီဒီယိုအသံဖိုင် တရားဟောချက်တွေ တကယ်ဝိညာဉ်တော်ဘုရားနဲ့ ဆန့်ကျင်ဘက်ဖြစ်၊ ဆန့်ကျင်ဘက်မဖြစ်ကို ချင်းချိန်လို့ရအောင် ဇွန်လ ၉ ရက် Pentecost Sunday နေ့ Fr. Damiam Dal ရဲ့ သြဝါဒကို ကောက်နုတ်တင်ပြလိုက်ရပါတယ်။

Friday, May 31, 2019

Basic Bible Seminar (BBS) Part -16

Basic Bible Seminar (BBS) Part -16

Basic Bible Seminar (BBS) Part -15

Basic Bible Seminar (BBS) Part -15

Basic Bible Seminar (BBS) Part -14

Basic Bible Seminar (BBS) Part -14

Basic Bible Seminar (BBS) Part -13

Basic Bible Seminar (BBS) Part -13

Basic Bible Seminar (BBS) Part -12

Basic Bible Seminar (BBS) Part -12

Basic Bible Seminar (BBS) Part -11

Basic Bible Seminar (BBS) Part -11

Basic Bible Seminar (BBS) Part -10

Basic Bible Seminar (BBS) Part -10

Basic Bible Seminar (BBS) Part -9

Basic Bible Seminar (BBS) Part -9

Basic Bible Seminar (BBS) Part -8

Basic Bible Seminar (BBS) Part -8

Basic Bible Seminar (BBS) Part -7

Basic Bible Seminar (BBS) Part -7

Basic Bible Seminar (BBS) Part -6

Basic Bible Seminar (BBS) Part -6

Basic Bible Seminar (BBS) Part -5

Basic Bible Seminar (BBS) Part -5

Basic Bible Seminar (BBS) Part -4

Basic Bible Seminar (BBS) Part -4

Basic Bible Seminar (BBS) Part -3

Basic Bible Seminar (BBS) Part -3

Basic Bible Seminar (BBS) Part -2

Basic Bible Seminar (BBS) Part -2

Thursday, May 30, 2019

Short Speech By Most Rev Julia Leow


Short Speech By Most Rev Julia Leow

at the Human and Spiritual Formation Course organized by the Myanmar Catholic Community in Malaysia (MCCM) in the Visitation Hall, Seremban during the Chinese Year in the year of 2018

Human and Spiritual Formation Part -6

Human and Spiritual Formation Part -6

Human and Spiritual Formation Part -5

Human and Spiritual Formation Part -5

Human and Spiritual Formation Part -4

Human and Spiritual Formation Part -4

Human and Spiritual Formation Part -3

Human and Spiritual Formation Part -3

Human and Spiritual Formation Part -2 (Confirmation)

Human and Spiritual Formation Part -2
The Sacrament of Confirmation

Human and Spiritual Formation Part -1

Human and Spiritual Formation Part -1

Five Ages of Human Development




5 Emerging Ages of Human Development

There are five ages of human development in human history

1) Hunting & Gathering Age
2) Agriculture Age
3) Industrial Age
4) Knowledge Age
5) Emerging Age of Wisdom

Three Policies of International Catholic Youth



Three Policies of International Catholic Youth

Today's Solution may be Tomorrow's Problem
That is why:
Stop!!!
Think....
Reflect......
Change....
Try and Try and Try again!
Three Policies of International Catholic Youth
1) Total Development
(a) Mind, (b)Body, (c) Heart, and (d) Spirit)
2) Responsible Freedom
3) Transform Society

Basic Bible Seminar (BBS) Part -1

Basic Bible Seminar (BBS) Part -1


Team and Catholic Association

TEAM

T- Together
E- Everyone
A- Achieve
M- More
7 - Essential Components Of Catholic Association
1) Word
2) Worship
(3) Create Commuinites
(4) Guidance and Counselling
(5) Healing Minsitry
(6) Justice and Justice
(7) Advocacy

Praise and Worship


Catholic Views on Praise and Worship

Styles of Leadership






Styles of Leadership


1. Visionary Leadership Style
2. Directional Leadership Style
3. Motivational Leadership Style
4. Strategic Leadership Style
5. Managing Leadership Style
6. Shepherding Leadership Style
7. Team-Building Leadership Style
8. Build-Building Leadership Style
9. Re-engineering Leadership Style
10. Entreprenuerial Leadership Style

Wednesday, May 29, 2019

ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရား


 ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရား


၁။ ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားတို့ဟာ နှစ်ခုမဟုတ်၊ တစ်ခုတည်းသာဖြစ်ပါတယ်။ ယုံကြည်ခြင်းဆိုတဲ့ စကားလုံးမှာ ယုံခြင်းနှင့်ကြည်ခြင်းကို ပေါင်းစပ်ထားပါတယ်။ ယုံခြင်းဆိုတာ အယူအဆ အတွေးအခေါ် ဒါမှမဟုတ် အကြောင်းအရာ ဒါမှအဟုတ် အဖြစ်စနစ်တစ်ခုခုကို ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးဦးကို နှစ်ကြိုက်သဘောကျခြင်း၊ အားကျကြည်ညိုလက်ခံခြင်းသဘောဖြစ်ပြီး၊ ကြည်ခြင်းဆိုတာ အဲဒီသဘောကျတဲ့အရာ ဒါမှမဟုတ် ပုဂ္ဂိုလ်မှာ အခိုင်အမာ ကပ်ငြိုစွဲလန်းခြင်း၊ မြဲမြဲမြံမြံတည်မှီဆည်းကပ်ခြင်းဆိုတဲ့ လက်တွေ့အမှုအကျင့်သဘောဖြစ်ပါတယ်။
၂။ ဒါကြောင့် ယုံကြည်ခြင်းဆိုတဲ့ စကားလုံးကိုယ်၌မှာက ယုံကြည်ခြင်းရော ကိုယ်ကျင့်တရားပါ တစ်ပါးတည်းပါနေပြီးသားဖြစ်ပါတယ်။ ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားတို့ဟာ ဦးခေါင်းဖြစ်တဲ့ ခရစ်တော်နှင့် ခန္ဓာတော်ဖြစ်တဲ့ အသင်းတော်လို၊ လင်နဲ့မယားလို၊ လူရဲ့ခန္ဓာကိုယ်နဲ့ဝိညာဉ်လို၊ အစကတည်းက နှစ်ခုမဟုတ်၊ တစ်ခုတည်း တစ်ကိုယ်တစ်သားတည်းဖြစ်တယ်။ လူသည် ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်၊ အကျင့်အားဖြင့်ရောက်သည်ကို သင်တို့သိကြ၏။ ဝိညာဉ်နှင့်ကင်းသော ကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။ (ယာကုပ် ၂း၂၄-၂၆) လို့ ယုံကြည်ခြင်းနဲ့ကိုယ်ကျင့်တရားတို့ရဲ့ ခွဲ၍ခွာ၍မရအောင် ဆက်စပ်ယှဉ်တွဲနေပုံကို ရှင်ယာကုပ်က သတိပေးတာဟာ လေးစားလိုက်နာဖို့ အလွန်အရေးကြီးလှပါတယ်။

၃။ ဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသည့်မေတ္တာကို ငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ (၁ ယောဟန် ၄း၁၆)။ ဘုရားသခင်သည် ငါတို့ကို ရှေးဦးစွာ ချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကို ချစ်တော်မူ၏ (၁ယောဟန် ၄း၁၉)။ ကဲ ဒီမှာ အချစ်အကြောင်းလာပြီ။ လူငယ်တွေကို ရင်ခုန်၊ လူလတ်တွေကို ရင်ဟာ၊ လူကြီးတွေကို ရင်မောအောင်ခံစားစေတတ်တာ အချစ်ဖြစ်ပါတယ်။ ဒါကြောင့်လည်းချစ်ဖူးတယ် အိုမလွယ်ဘူးရူးနိုင်တယ်ဆိုတဲ့ သီချင်းရှိလာတာပေါ့နော်။ လူ့လောက လူ့အချစ်မှာကော၊ လောကုတ္တာရာဘုရားအချစ်မှာပါ နှစ်ဦး သို့မဟုတ် နှစ်ဖက်ပါဝင်ရပြီး၊ တစ်ဖက်ဖက်က စတင်ရစမြဲဖြစ်ပြီး၊ အခြားတစ်ဖက်ကလည်း YES OR NO တုန့်ပြန် အဖြေပေးရတဲ့ သဘောသဘာဝရှိပါတယ်။ ဒါကြောင့် အချစ်မှာ အလျားအနံမရှိပေမဲ့၊ အသွားအပြန်ရှိတယ်လို့ ဆိုစမှတ်ပြုကြတာလည်းဖြစ်ပါတယ်။ ဟုတ်တယ်။ အချစ်မှာ အသွားအပြန် ဆိုတာရှိတယ်။ ကျမ်းစာကလည်း ဒါကို ထောက်ခံပါတယ်။ ယုံကြည်ခြင်းဟာ အသွားဖြစ်ရင် ကိုယ်ကျင့်တရားဟာ အပြန်ဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရရင် ယုံကြည်ခြင်းဆိုတာဟာ ဘုရားသခင်ဆီကနေ လူဆိကိုသွားတဲ့ အချစ်ပါ။ ကိုယ်ကျင့်တရားဆိုတာဟာ လူဆီကနေ ဘုရားသခင်ဆီကို ပြန်တဲ့တုန့်ပြန်အချစ်ပါ။ သမီးရည်စားစကားငှါးပြောရမယ်ဆိုရင်တော့ ယုံကြည်ခြင်းဟာ ဘုရားသခင်က လူအားငါနင့်ကိုချစ်တယ်လို့ ပြောတဲ့စကားဖြစ်ပြီး၊ ကိုယ်ကျင့်တရားဟာ လူက ဘုရားသခင်အား ငါလည်းထပ်တူပြန်ချစ်ပါတယ်လို့ အဖြေးပေးတာဖြစ်ပါတယ်။ ယုံကြည်ခြင်းဟာ ဘုရားသခင်က လူကိုပေးတဲ့ မေတ္တာလက်ဆောင်ပါ (ဧဖက် ၂း၈)၊ ကိုယ်ကျင့်တရားဟာ လက်ဆောင်ပေးတဲ့အတွက် THANK YOU ကိုယ်တော်လို့ လူက ဘုရားသခင်အား လှိုက်လှဲယဉ်ကျေးစွာ ခွန်းတုန့်ပြန်ခြင်းပါ။

ဒါကြောင့် ယုံကြည်ခြင်းပဲ လိုတယ်။ အကျင့်တရားမလိုဘူးဆိုတာ မှန်ပါ့မလား။ ယဉ်ကျေးရာကျပါ့မလား။ တဖက်သတ်အချစ်ဟာ ပြည့်စုံမှုကင်းမဲ့လို့ တာရှည်မခံတတ်ဘူးတဲ့။ ကြလာရင် ရက်စက်ကြမ်းကြုတ် အကြင်နာကင်းမဲ့သွားတတ်တယ်တဲ့။ ကိုယ့်ကျေးဇူးပြုသူကို ကျေးဇူးမတင်တတ်ခြင်းဟာ မယဉ်ကျေးမှု၊ မပြည့်စုံမှုတစ်မျိုးဖြစ်သွားနိုင်ပါတယ်။ ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍ အကျင့်အားဖြင့် စုံလင်သည်ကိုမြင်ရ၏ (ယာကုပ်)။ ယုံခြင်းနဲ့အကျင့်တွဲမှ၊ အတူတူအလုပ်လုပ်ကြမှ စုံလင်ခြင်းဆိုတာ ရှိလာနိုင်ပါတယ်လို့ ရှင်ယာကုပ်က အတိအလင်းမိန့်ဆိုထားပါတယ်။

၎။ ဘုရားသခင်သည် မိမိပုံသဏ္ဏာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏(ကမ္ဘာဦး ၁း၂၈)။ လူက မိမိဟာ ကောင်းကင်တမန်၊ နတ်ဆိုး၊ တိရစ္ဆာန်၊ ကျောက်တုံးကျောက်ခဲ၊ သစ်ပင်နဲ့မတူဘူး။ ဘုရားရဲ့ ပုံတော်နဲ့တူတယ်ဆိုတာ အသိမှတ်ပြုလက်ခံခြင်းကို ယုံကြည်ခြင်းလို့ခေါ်ပါတယ်။ ဘုရားရဲ့ ပုံတော်ပီသအောင်၊ ဘုရားပုံတော်နှင့်ကိုက်ညီအောင်၊ ဆေကြောခြင်းအားဖြင့် ရတဲ့အမွေခံ သားသမီးပီသအောင် ပြောဆိုပြုမူနေထိုင်ခြင်းဟာ ကိုယ်ကျင့်တရားပါပဲ။ ဘုရားသခင်က ကျနော်တို့ကို ဘာလို့ သူ့ရဲ့ ပုံသဏ္ဍာန်နဲ့တူအောင် ဖန်ဆင်းတာလဲဆိုတော့ ရှင်ပေါလုက (ဧဖက် ၂ါ်၈၊၁၀)မှာ အောက်ပါရည်ရွယ်ချက်တွေရှိလို့ လို့ဆိုပါတယ်။
() ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရမည့်အကြောင်း
() ငါတို့သည် ကောင်းသောအကျင့်များကို ကျင့်မည့်အကြောင်း
() ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည်ရမည့်အကြောင်း ဘုရားသခင်သည် ငါတို့ကို ယေဇူးခရစ်၌ ပြုပြင်ဖန်ဆင်းတော်မူ၏တဲ့။

၅။ ခရစ်တော်က ငါသည် ဤလောက၏အလင်းဖြစ်၏ (ရှင်ယောဟန် ၈း ၁၂)။ သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏ (ရှင်မာတေဦး ၅း၁၃)တဲ့။ ဒီမှာ ဘုရားနဲ့ကျနော်တို့ရဲ့ ပုံသဏ္ဍာန်တူညီမှုကို ခရစ်တော်က အလင်းလို့ဖော်ပြတော်မူတာကို တွေ့ရပါတယ်။ ဒါဆိုရင် အလင်းဆိုတာဘာလဲ။ ကျနော်တို့နဲ့ဘယ်လိုများ သက်ဆိုင်ဘာသလဲ။ သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ၊ သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကို လင်းစေကြလော့ (ရှင်မာတေဦး ၅း၁၆)လို့ ယုံကြည်သူတွေက ယုံကြည်ခြင်းအလင်းကို ကိုယ်ကျင့်တရားအားဖြင့် ထွန်းလင်းစေကြဖို့ တာဝန်ပေးတော်မူပါတယ်။

၆။ ယုံကြည်ခြင်းက ကယ်တင်ခြင်းကောင်းကင်တံခါးကို ဖွင့်ပေးပါတယ်။ ဒါပေမဲ့ မထိုက်မတန်တဲ့ အကျင့်က အဲဒီတံခါးကို ပိတ်ပစ်နိုင်ပြီး၊ ကယ်တင်ခြင်းကောင်းကင်နဲ့လည်း လွဲသွားစေနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာကို ခရစ်တော်က သတိပေးထားပါတယ်။ သင်တို့ကျင့်သော အကျင့်သည် ဖာရိရှဲတို့နှင့်ကျမ်းပြုဆရာတို့ကျင့်သော အကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏ (ရှင်မာတီဦး ၅း၂၀)။ ဒါကြောင့် ရှင်ပေါလုကလည်း ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် မိမိကိုယ်ကိုကယ်တင်ခြင်းငှါ ကိုယ်တိုင်ကြိုးစားအားထုတ်ကြလော(ဖိလိပ္ပိ ၂း၁၂)။ ငါတို့သည် အားမလျှော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့ (ဂလောတိ ၆း၉)လို့ သတိလည်းပေး၊ ဖိတ်လည်းဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။
ရ။ လူကို ယုံကြည်ခြင်းပေးသူဟာ ဘုရားသခင်ဖြစ်သကဲ့သို့ ကျင့်ဖို့တွန်းအားပေးသူဟာလည်း ဘုရားသခင်ကိုယ်တော်တိုင်ပဲဖြစ်ပါတယ်။ ဒါကြောင့် ရှင်ပေါလုက အကြောင်းမူကား သင်တို့သည် အကျင့်ကျင့်စေခြင်းငှါ သင်တို့အထဲ၌ စေတနာတော်ဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း (ဖိလိပ္ပိ ၂း၁၃)လို့ မိန့်ဆိုခြင်းဖြစ်ပါတတယ်။

၈။ ကျင့်ပြီးမှ ယုံတာမဟုတ်ပါဘူး။ ယုံကြည်လို့ ကျင့်ကြံအားထုတ်နေတာဖြစ်ပါတယ်။ ကျင့်လို့ ဘုရားသားသမီးဖြစ်လာတာမဟုတ်ပါဘူး၊ ဘုရားသားသမီးဖြစ်လို့ ဘုရားသားသမီး ပီသစွာ နေထိုင်ပြုကျင့်နေတာပါ။ ကယ်တင်ခြင်းခံရဖို့ ကျင့်တာမဟုတ်ပါဘူး။ ကယ်တင်ခြင်းခံရသူမို့ ကယ်တင်ခြင်းနဲ့အညီ ကျင့်ကြံနေထိုင်ကြတာသာဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်ခြင်းဆိုတာ အခြေခံတရားဖြစ်ကြောင်း၊ ယုံကြည်ခြင်းဟာ လူသားကို လာပါ၊ လက်တွဲပါ၊ ပူးပေါင်းပါဝင်ပါလို့ ဖိတ်ခေါ်နေတဲ့ ဘုရားကျေးဇူးတော်ဖြစ်ပြီး၊ အဲဒီဖိတ်ခေါ်ချက်ကို လူသားက ယုံကြည်လက်ခံပြီးတော့ အဲဒီဘုရားကျေးဇူးတော်နဲ့ လက်တွဲပူးပေါင်းလိုက်ခြင်းဟာ ကိုယ်ကျင့်တရားဖြစ်လာပါတယ်။ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသောအကျင့်တို့သည် အပြစ်ရှိကြ၏ (ရောမ ၁၄း၂၃)လို့ ရှင်ပေါလုက ကိုယ်ကျင့်တရားဟာ ယုံကြည်ခြင်းနဲ့မတွဲရင် အပြစ်တော်ဖြစ်တယ်လို့ သတိထားဖို့ မှာကြားခဲ့ပါတယ်။

 ၉။ ယုံကြည်ခြင်းဟာ ကျေးဇူးတော်ဖြစ်ရင်၊ ကိုယ်ကျင့်တရားဆိုတာကကော ဘာလဲ။ ချစ်ခြင်းမေတ္တာသည် အကျင့်တရားပြည့်စုံရာဖြစ်၏ (ရောမ ၁၃း၁၀)။ ဒါကြောင့် ပြီးပြည့်စုံတဲ့ ကိုယ်ကျင့်တရားဆိုတာဟာ ချစ်ခြင်းမေတ္တာအကျင့်ပဲဖြစ်ပါတယ်။ ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း (၁ကော် ၁၃း၁၃)။ ဘာလို့ ချစ်ခြင်းမေတ္တာက အမြတ်ဆုံးဖြစ်တာလဲ။ ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းဟာ ဒီဘဝအတွက်သာဖြစ်ပြီး၊ နောင်တမလွန်ဘဝမှာ လိုအပ်တော့မည်မဟုတ်ဘဲ၊ ရှိလည်းရှိတော့မှာ မဟုတ်လို့ပဲ။ ဘာလို့လဲဆိုတော့ နောင်ဘဝကျရင် ဘုရားသခင်ကို မျက်ဝါးထင်ထင် မြင်ရတော့မှာဆိုတော့ (ရောမ ၁၃း ၁၂) ယုံကြည်တွေ၊ မျှော်လင့်ခြင်းတွေ ရှိစရာမလိုတော့ဘူး။ လူသားတွေဘက်က ကိုယ်ကျင့်တရားရဲ့ ပြည့်စုံခြင်းဖြစ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်ခြင်းမေတ္တာဖြစ်တော်မူတဲ့ ဘုရားသခင်သာ ဒီဘဝမှာလို နောင်တမလွန်ဘဝမှာလည်း ဆက်လက်ကျန်ရှိ တည်မြဲနေမှာဖြစ်လို့ပါပဲ။

၁၀။ ဒါကြောင့် ယုံကြည်ခြင်းဟာ ပင်စည်၊ ကိုယ်ကျင့်တရားဟာ အသီး။ ယုံကြည်ခြင်းဟာ မီး၊ ကိုယ်ကျင့်တရားဟာ အလင်း။ ယုံကြည်ခြင်းဟာ အသွား၊ ကိုယ်ကျင့်တရားဟာ အပြန်။ ယုံကြည်ခြင်းဟာ အခြေခံအုတ်မြတ်၊ ကိုယ်ကျင့်တရားဟာ အခြေခံအုတ်မြစ်ပေါ်က တည်ဆောက်ထားတဲ့ အဆောက်အဦး။ ယုာံကြည်ခြင်းဟာ ဒီဘဝအတွက်၊ ကိုယ်ကျင့်တရားဟာ ဒီဘဝနဲ့ နောင်ဘဝအတွက်။ ယုံကြည်ခြင်းဟာ ကျေးဇူးတော်နှင့် အသက်ရှင်ခြင်း၊ ကိုယ်ကျင့်တရားဟာ ဘုရားသခင်ကိုယ်တော်တိုင်နှင့် အသက်ရှင်ခြင်း။ ယုံကြည်ခြင်းဟာ ဘုရားရဲ့ ကျေးဇူးတော်လက်ဆောင်၊ ကိုယ်ကျင့်တရားဟာ လူရဲ့ အချစ်သက်သေ။ ယုံကြည်ခြင်းဟာ ကောင်းကင်နဲ့မြေကြီး ဌါနေနှစ်ခုကို ဆက်စပ်ပေးတဲ့အရာ၊ ကိုယ်ကျင့်တရားဟာ ဘုရားသခင်နဲ့လူသား ပုဂ္ဂိုလ်နှစ်ဦးကို ဆက်စပ်ပေးတဲ့အရာဖြစ်ပါတယ်လို့ ဝေငှာရင်း ကျနော်ရဲ့ ယုံကြည်ခြင်းနဲ့ ကိုယ်ကျင့်တရားအကြောင်း တစေ့တစောင့်လေ့လာချက်ကို နိဂုံးချုပ်ပါတယ်။

ဘုန်းတော်ကြီး ဂျိုးဇက် ကီးခွမ်အွမ်

Thursday, April 4, 2019

ဘုရားဖူးသွားရောက်ခြင်း



ဘုရားဖူးသွားရောက်ခြင်း



ကွာလာလမ်ပူကက်သလစ်ဂိုဏ်းချုပ်သာသနာ၏ ဆရာတော်ကြီး ဂျူးလီယာန်သည်​ Lot 2850, Jalan Besar, 71800, Nilai, Negeri Sembilan၌ တည်​ရှိ​သော စိန်ထရေဇားဘုရားကျောင်း​​တော်ကြီး ​ကို ထူးခြားသောသာသနာပြုနှစ်ဖြစ်​​သော သက္ကရာဇ်​ ​​၂၀၁၉ ခုနှစ် အချိန်​အခါသမယအတွက်​ ဘုရားဖူးကျောင်းတော်ကြီးအဖြစ်​အဖြစ် သတ်မှတ်ခဲ့ပါသည်။ ဤထူးမြတ်သည့်​ သာသနာပြုနှစ်​တွင် ​ထိုဘုရားကျောင်း​​တော်​ကြီးသို့ ဘုရားဖူးသွား​ရောက်​ပြီး ဆု​တောင်းခြင်းအမှုများ ပြုကြပါရန်​ ဆရာ​တော်​ကြီးက ဘာသာတူများအား တိုက်တွန်းနိုး​ဆော်​ထားပါသည်။ "​သေးငယ်​​သော ပန်းပွင့်​"ဟု လူသိများ​သော ရဟန္တာမ ထရေဇားသည်​ `သာသနာပြုများအား ကူညီမှိုင်းမသူ`ဖြစ်​​ကြောင်း ၁၉၂၇ ခုနှစ်၌ ပုပ်ရဟန်းမင်းကြီးတစ်ဆယ့်တစ်ကြိမ်မြောက် ပီဦးက ကြေငြာခဲ့ပါသည်။ ရဟန္တာမထရေဇားသည် သီလရှင်ကျောင်းပြင်ပသို့ တစ်​ကြိမ်​တစ်ခါမှ မထွက်ခဲ့ဖူးသော်လည်း ခရစ်တော်၏ သတင်းကောင်းကို သွန်သင်​ဝေငှရန် ဤမလေးရှားနိုင်ငံအပါအဝင် ကမ္ဘာ့နေရာတော်တော်များများသို့ သွားရောက်သာသနာပြု​သော ရဟန္တာကြီး ဖရန်စစ်ဇေဗီးယားနှင့် တူညီ​သော ဘွဲ့နာမကို
ချီးမြှင့်ခြင်းခံခဲ့ရပါသည်။ ရဟန္တာဖရန်စစ်ဇေဗီးယားသည် အိမ်​ပြင်၌ ​အားသွန်းခွန်​စိုက်လုပ်​​ဆောင်​​ရ​သော သာသနာပြုခြင်းကို ကိုယ်​စားပြု​သော ရဟန္တာဖြစ်​သကဲ့သို့ ရဟန္တမထရေဇားသည်လည်းအိမ်​တွင်း၌ တရားအားထုတ်​ကျင့်​ကြံ၍ သာသနာပြုခြင်းကို ကိုယ်​စားပြု​သော ရဟန္တာဖြစ်ပါသည်​။ ရဟန္တာထရေဇားသည် အသက်ငယ်ရွယ်စဉ်ကပင် သာသနာပြုရန်​ စိတ်ဆန္ဒပြင်းပြခဲ့သည်။ သူမ၏ဘ၀အသက်​တာတွင်​ သူမ၏ရုပ်​ခန္ဓာသည် သီလရှင်ကျောင်း၌သာ ​​ကျောက်​ချကုန်ဆုံးခဲ့ရသော်လည်း ဝေးလံခေါင်းဖျားသောနေရာဒေသများ၌ သွားရောက်ဆက်ကပ်ချင်သော သူမ၏သာသနာပြု စိတ်ဓာတ်​သည်​ ဝိညာဉ်များအတွက် လောင်ကျွမ်းနေခဲ့ပြီး​ဖြစ်သည်။ ရဟန္တာမထရေဇား၏ စံနာမူနာကို အတုယူလျက်၊ တရားအားထုတ်​၍​ဆုတောင်းခြင်းအသက်​တာ၌ ရှင်​သန်​ခြင်းသည် သာသနာပြု လုပ်​ငန်း၌ မရှိမဖြစ်လိုအပ်သော အသက်​တာဖြစ်​​ကြောင်း အမြဲတမ်း နှလုံးသွင်းကြပါစို့။ မစ္ဆားတရားနာယူခြင်း၊ ကိုယ်တော်မြတ်ဖူးမြော်ခြင်း၊ ဆုတောင်းမေတ္တာပြုခြင်းနှင့် အစာရှောင်ခြင်းတို့သည် သာသနာပြုအသက်တာ၌ လွန်​စွာပင်​ အ​ရေးပါလှပါသည်​။ ထို့အပြင်​ ၎င်းတို့သည်​ သာသနာပြုလုပ်ငန်းအားလုံး၏ မြစ်​ဖျားခံရာ မူလအရင်းအမြစ်နှင့် အထွတ်အထိပ်​ပင် ဖြစ်သည်။

Wednesday, March 27, 2019

ဝါတွင်းကာလအတွက် သတင်းစကား

ဝါတွင်းကာလအတွက် သတင်းစကား

ဝါကွင်းကာလမှာ ကက်လစ်ခရစ်ယာန်များဟာ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် ပေးကမ်းစွန့်ကြဲခြင်းပြုလုပ်ဖို့ အသင်းတော်က အထူးအားပေးလှပါသည်။ထိုနည်းတူ ကျနော်တို့ဘာသာတူတစ်ဦးတိုင်းကလည်း နှစ်တိုင်း ဒီလိုအချိန်ကာလဆိုတာ ဖြတ်သန်းရစမြဲဟု အလွယ်မတွေးဘဲ လေးနက်စွာနဲ့ ဝါကွင်းကွင်းကာလကို ဖြတ်သွားရပါမည်ဟု သဘောထားကြရမည်ဖြစ်သည်။

ဝါကွင်းကာလမှာ ကျမ်းစာတော်မြတ်၌ သခင်ခရစ်တော်၏ ရက်လေးအတွင်း ကျင့်ကြံနေထိုင်ခြင်းအမှုကို အထူးဖတ်ရှုဆင်ခြင်နှလုးံသွင်းရမည့်အခွင့်ကောင်းအခါကောင်းတစ်ချိန်တစ်ခုလည်းဖြစ်ပါသည်။ ဒီအချိန်မှာ ကျနော်တို့ တစ်စုံတစ်ရာကို ခံစားရမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဒီခံစားချက်သည် တစ်စုံတစ်ရာကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားချက်နှင့် တူညီနေလိမ့်မည်မဟုတ်ပါ။ ဒီခံစားချက်သည် ကျနော်တို့လူသားများ၏ ချစ်ခြင်းမေတ္တာတရား ဆာငတ်ခြင်း၊ လိုအပ်ချက်ကို မိမိတို့အား ပိုမိုသဘောပေါက်စေမှာဖြစ်သည်။

ဒေါကြောင့် မတ္တားတရာဆိုတာ အသွားနှင့် အပြန်ရှိတယ်ဆိုတဲ့ ဆိုရိုးစကားကို မှတ်မိကြမည်ထင်ပါသည်။ ကျနော်တို့ ဒီဝါကွင်းကာလအတွင်း ဆုတောင်းခြင်း၊ အစာရှောင်ဝါရှောင်ခြင်းနှင့် ပေးကပမ်းစွန့်ကြဲခြင်းကို ဘယ်လိုစလုပ်ကြလဲ။

ဆုတောင်းခြင်းကို မိသားစုတစ်ခုတွင် ဖခင်၊ မိခင်နှင့် ကလေးတွေရှိသော မိသားစုများသည် အတူတကွ မိသားစုစိပ်ပုတီးဆိုဆုတောင်းကို အခြားချိန်များ၌ မိမိတို့တစ်ချင်းစီ ဆုတောင်းခြင်းပြုတတ်ကြသော်လည်း ဒီဝါကွင်းကာလတွင် အကျိုးကျေးဇူးလည်း အလွန်မထူးခြားသည့်အတွက် အထူးပြုလုပ်အပ်ပါတယ်။

အစာရှောင်ဝါရှောင်ခြင်းသည်လည်း မိမိကိုယ်ကိုမိမိ ချုပ်တည်းနိုင်းဖို့  လိုအပ်လှပါသည်။ မိမိကိုယ်ကိုမိမိချုပ်တည်းနိုင်ရန် အတူတကွ ဆုတောင်းခြင်းအားဖြင့် ခွန်းအားပေးပါသည်။ လူနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့သည် ငါ၏နာမ၌ စုဝေးကြလျှင် ထိုအရပ်၌ သူတို့အလယ်တွင် ငါရှိသည်ဟု မိန့်တော်မူ၏။ (ရှင်မာတေးဦး ၁၈း၂၀)။ အတူတကွ ဆုတောင်းသော မိသားစုသည် ဘုရားသခင်၏ ကာကွယ်စောင့်ခြင်းကို ခံရ၏။ ပညာအလိမ္မာကျမ်း ၁၅း၂၉၊ ၂၂း၆။ A family that prays togehter stays together!

ပေးကမ်းစွန့်ကြဲခြင်းသည် တခါတလေကျနော်တို့အများပိုင်နှင့် မသက်ဆိုင်ဘူးလို့ ထင်မိတတ်ကြတယ်။ ဘာလို့လည်းဆိုတော့ ကျနော်တို့အားလုံးဟာ သူများနည်းတူ မချမ်းသာလို့ပဲဖြစ်သည်။ ဒါပေမဲ့ ကျနော်တို့အားလုံးနှင့် သက်ဆိုင်နေပါတယ်။ ကျနော်တို့အားလုံး ပေးကမ်းကြဲအလှူဒါနပြုလုပ်နိုင်ပါတယ်။ ဆုတောင်းခြင်း၏ အကျိုးဆက်အဖြစ် မိမိကိုယ်ကိုမိမိ ချုပ်တည်းချွေတာခြင်းသည် ကျနော်တို့ ပေးကမ်းစွန့်ကြဲနိုင်စေဖို့ရာအကြောင်းဖြစ်လာတယ်။ ဒါကြောင့် ကိုယ့်ထက် အနွဲ့သောသူများအား ဖေးမကူညီခြင်းဖြင့်  ဘုရားသခင်ထံမှ စီးဆင်းလာနေသော ကောင်းကြီးမင်္ဂလာကို ရရှိခံစားဖို့ ကျနော်တို့အတွက်အခွင့်အရေးဖြစ်ပါတယ်။

 အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့အား စားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့အား သောက်ရေကိုပေးကြ၏။ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့အား ပျူငှာစွာကြိုဆိုကြ၏။ ငါ၌အဝတ်မရှိသောအခါ သင်တို့သည် ငါ့အား အဝတ်နှင့် လွှမ်းခြုံပေးကြ၏။ ငါသည်  ဖျားနားသောအခါ သင်တို့သည် ငါ့ကိုကြည့်ရှုကြ၏။ ငါသည် ထောင်ထဲ၌ ရှိနေသောအခါ သင်တို့သည် ငါထံသို့လာကြ၏ဟု မိန့်တော်မူလိမ့်မည်။ ရှင်မာတေးဦး ၂၅း ၃၅၊၃၆

ဆွဲခန့်ဓမ္မဆရာရေမွန်
ခတ္တမလေးရှား



MCCM CUP 2017

၁၈ ဇူလိုင် ၂၀၁၇
မ​လေးရှား​ရောက်​ မြန်​မာ ကက်​သလစ်​လူငယ်​များရဲ့ ချစ်​ကြည်​​ရေး ​ဘောလုံးပြိုင်​ပွဲကို ဘုရားသခင်​၏ ​​ကျေးဇူး​တော်​​ကြောင့်​ ပြီးဆုံးသွားပါပြီဗျား။ ပထမဦးစွာ အစ အလယ်​ အဆုံးထိ ပြီး​မြောက်​နိုင်​​အောင်​ အရာအားလုံးကို အ​ကောင်းဆုံးဖြစ်​​အောင်​ ​ဆောင်​ရွက်​​ပေး​သော အနန္ဒဂရုဏာ သနားခြင်းနှင့်​ ပြည့်​စုံ​တော်​မူ​သော အဘဘုရားသ္ခင်​နှင့်​ ကျွန်​​တော်​တို့ သားသမီး​တွေအတွက်​ အမြဲဆု​တောင်း​ပေး​တော်​မူ​သော အမိမယ်​​တော်​ မာရီးယား တို့ထံ ​ကျေးဇူးတင်​ပါသည်​။
ဤ​ဘောလုံးပွဲ ဖြစ်​​မြောက်​​ရေးအတွက်​ ဝိုင်းဝန်း
ကူညီ​ပေး​​နေကြ​သော လူငယ်​​မောင်​မယ်​များ အားလုံးကိုလည်း အထူးပဲ ​ကျေးဇူးတင်​ရှိပါသည်​။ အ​ရောက်​စီတိုင်းကို ဘုရားသခင်​ ​ကောင်းချီး​ပေးပါ​စေ။
ဤချစ်​ကြည်​​ရေး ​ဘောလုံးပွဲ အတွက်
အလှူ ရှင်​များဖြစ်​ကြ​သော (၁) ဆရာ JohnMungpi မိသားစု Rm-500 (၂) ZCCM အဖွဲ့အစည်းမှ - Rm -1500.00 (၃) LCCM အဖွဲ့အစည်းမှ Rm- 250.00 (၄) ZCC အဖွဲ့အစည်းမှ Rm- 250.00
(၅) St. John ဘုရား​ကျောင်းမှ Rm-500.00
(၆) ကို Freddy မိသားစုမှ ​ဘောလုံးကွင်းအတွက်​ လိုအပ်​​နေ​သော ပစ္စည်းများ၊ ဤအလှူရှင်​များအားလုံး အဆ​ပေါင်းများစွာ ကိုယ်​၏ကျန်းမာခြင်း စိတ်​၏ချမ်းသာခြင်း၊ လိုအင်​ဆန္ဒပြည့်​စုံပြီး အ​ရောက်​စီတိုင်းကို ဘုရားသခင်​ ​ကောင်းချီး​ပေးပါ​စေ။
ဤချစ်​ကြည်​​ရေး ​ဘောလုံးပြိုင်​ပွဲ၌ ပါဝင်​​သော အဖွဲ့အစည်းများမှာ အုပ်​စု A မှ (1) FCCM (2) MTCC (3) ZNCCM (4) CKCM (5) ZCC
အုပ်​စု B မှာ (1) OKD (2) CRCA (3) ZCCM
(4) PKCC (5) LCCM. များဖြစ်​ပြီး A1 ZCC A2 FCCM. B1 ZCCM B2 LCCM အဖွဲ့များ Semi Final တက်​​ရောက်​ခဲ့ကြပြီး A1 vs B2. B1 vs A2 ဝင်​ပြိုင်​ကစားခဲ့သည်​။
တတိယဗိုလ်​လုပွဲကို LCCM vs FCCM ကို ဝင်​ပြိုင်​ကစားခဲ့ရာ၌ LCCM မှ တတိယဗိုလ်​ ရရှိခဲ့ပါသည်​။ ဗိုလ်​လုပွဲကို​တော့ ZCCM vs ZCC ဝင်​ပြိုင်​ကစားခဲ့ပြီး ပြိုင်​ပွဲချိန်​အပြီးမှာ ၁း၁ ဂိုးဖြင့်​ သ​ရေကျခဲ့တဲ့အတွက်​ Penalty ဆက်​လက်​ကန်​သွင်းခဲ့ရာ
၅ ​ယောက်​စီ ​ရွေးပြီး ကန်​သွင်းရာ၌ ၄:၄ ဂိုးနဲ့ သ​ရေကျပြန်​၏။ ထို့​နောက်​ ၃ ​ယောက်​စီ ပြန်​ရွေးပြီး ပြန်​ကန်​သွင်းကာ ၃း၃ သ​ရေကျပြန်​၏။ ပြီးမှ ဂိုးသမး အချင်းချင်း ကန်​သွင်း​တော်​လည်း သ​ရေ ကျပြန်​သည်​။နောက်​ဆုံး​တော့ အသင်း​ခေါင်း​ဆောင်​ နှစ်​​ယောက်​မှ ပြန်​ကန်​​တော်​လည်းပဲ ၁း၁ နဲ့ သ​ရေ ကျပြန်​ခဲ့သည်။ ​နောက်​ဆုံးရဲ့ အဆုံးမှာ ​ခေါင်း နှင့်​ ပန်း လှန်​ခြင်း အားဖြင့်​ဆုံးဖြတ်​ကာ ZCC က​နေပြီး​တော့ Champion ရရှိသွားပါသည်​။
 ဤချစ်​ကြည်​​ရေး ​ဘောလုံးပြိုင်​ပွဲ၌ အ​ကောင်းဆုံး ကစားသမားဆု​တွေကို ​ဘောလုံး​ကော်​မတီ အားလုံးမှ ​ရွေးချယ်​တင်​​မြောက်​ထားပါသည်​။
1) ဂိုးသမား အ​ကောင်းဆု
🏆 No. 1 Anthony A Kolh - FCCM
2) ​နောက်းတန်း အ​ကောင်းဆုံးဆု
🏆 No. 4 Paul Sian Zuan - ZCCM
3) ကွင်းလယ်​ အ​ကောင်းဆုံးဆု
🏆 No. 8 Michael Tun Tun - LCCM
4) တိုက်​စစ်​မှူး အ​ကောင်းဆု
🏆 No. 7 Philip Lal Khan Laang - ZCC
5) ဂိုးသွင်းဘုရင်​/ အ​ကောင်းဆုံး ကစားသမားဆု
🏆 No. 9 Dominic Siang Len Hmung
များမှ ဆွတ်​ခူးရရှိသွားပါသည်
အဖွဲ့အစည်း ​ခေါင်း​ဆောင်​အားလုံး၊ ကစားသမား အားလုံးနှင့်​ ​နေပူမိုးရွာမ​ရှောင်​ လာ​ရောက်​ အား​ပေး​နေကြ​သော ဘာသာသူ အားလုံးအားလုံးကို ​သ္ခငှ်ယေရှု နာမ​တော်​၌ အားလုံးကို ​ကျေးဇူးတင်​ပါသည်​။ အ​ရောက်​စီတိုင်း ဘုရားသခင်​ ​ကောင်းကြီး​ပေးပါ​စေ။
ဘောလုံး​ကော်​မတီအားလုံး ကိုယ်​စား
စတီဗင်
ကူးယူး MCCM CUP (RC) facebook group