Search This Blog
Friday, August 24, 2012
COMMUNITY LEADERSHIP RETREAT AT SERAMBAN
A total of 80 participants including a priest (Fr. Augustine Tin Htun, Sister Cecilia Mangnu and Sister Maria Goretti) attended the Retreat at the Visitation Church. It was fully sponsor by Msgr. James Parish Priest of St. John Cathedral, Kuala Lumpur. During the day there was intensive training given by Father Augustine, both the sisters and Catechist Francis Kham on leadership skills and pracitcally train the Community leaders to carry out their duty effectively in time of needs. In the evening there was singsong service(Praise and worship) and sharing of the word of God by respective leaders.
Sunday, August 5, 2012
Thursday, July 19, 2012
Monday, July 9, 2012
JESUS IS GOD
THE BIBLE PROCLAIMS: JESUS IS GOD
The Jews crucified him for blasphemy. 'Being a man you make
yourself God' (Jn. 10) was his crime. He is the Living God.
Thousands of them martyrs just for that cause. Roman Caesars and Neros
worked hard to kill his Church, but Rome became its capital. Iglesia Ni
Cristo spends millions in T.V. shows to propagate 'Jesus is not God. He
is only a mere man. Many are wounded and pained because of harsh criticisms
against the Catholic faith. What is the truth? What does the Bible really say
about Jesus? Who is he?
•
John 8:40 "Now you are trying to
kill me, a man who has told you the truth that I heard from God" is the
Bible passage that is used by non-Catholic brothers to throw Jesus out of his
divine nature.
We can
never deny the human nature of Jesus, but he is not 'only man'. The Bible
reveals him as "Man and God'. Over 30 times the Bible describes
Jesus as 'The Son of Man,' Over 30 times also it says Jesus is 'The Son of
God'. He is the 'Word that became flesh'. St. John starts his gospel John 1:1-3
states: "In the beginning was the Word, and the Word was with God, and the
Word was God.
The same was in the beginning with God. He made all things; and
with-out Him was not anything made that was made... and the Word was made
flesh, and dwelt among us". Old Testament prophets foretold this
mystery of the incarnation.
THE OLD TESTAMENT PROPHESIED JESUS IS GOD
Ø
Matthew, 1:23 states:
Ø
"Behold a virgin shall be with child,
and shall bring forth a son, and they shall call his name Emmanuel,
which means, God with us."
Ø
The
scripture makes it clear that God has a Son when it asks in Prov. 30:4 ("Who
knows the name of God and the name of His Son").
Ø
Isaiah 9:5 clarifies the
divine nature of that Son in his great prophecy about the birth of Jesus
("For unto us a child is born, unto us a child is given, and the
government shall be upon his shoulder: his name shall be called
Wonderful Counselor, the Mighty God, The everlasting father, the Prince of
Peace.").
JESUS CLAIMED HE IS GOD
Ø
Jesus never taught he is God.
q
Jesus Himself claimed his divinity. In Exodus
3:14-17, God reveals His name to Mosses as "I AM who am." God even
commanded Mosses to say the Israelites "I AM sent me to you. This is my
name for ever. This is my title forever." In the New Testament Jesus is
using the title of God for himself.
Ø
John 8:57-59 states:
ü
"Then the Jews said to him, 'you are not
yet fifty years old, and have you seen Abraham?" Jesus said to
them: "Most assuredly I say to you, before Abraham was, I AM". Then
they took up stones to throw at him." He even insisted that the
Jews must believe that he is "I AM."
ü
In Jn. 8:24, Jesus says to Jews:
"If you do not believe that I AM, you will die in your sins."
ü
The
Jews tried to stone him because he claimed his eternal existence, which is
blasphemy Only God exists eternally. In another occasion, Jesus
instructed His apostles to believe that he is I AM (Jn.13:19) "You
may believe that I AM."
ü
John 5:17 states:
ü
"Therefore the Jews sought all the more
to kill him, because he not only broke the Sabbath, but also said that God is
his father, making himself equal with God." But Jesus strongly
defended his divine nature saying he is the master of life, which only God can
claim "For as the father raises the dead and gives life to them,
even so the Son gives life to whom He will. Jesus answered Philip:
"I have been with you for a long time and you still do not know me,
Philip? Whoever
has seen me has seen the Father." (Jn. 14:8).
“How happy are those who have no doubts about
me!” Mt 11:6
Together with Simon
Peter we say in unison, “Lord, to whom shall we go? thou hast the words of
eternal life”.
MCCM
Monday, July 2, 2012
Wednesday, June 20, 2012
Monthly Journal
ရှင်ဘုရင်ရဲ့ လျှို့ဝှက်ချက်
တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။ နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့လိုက်တယ်။ “အသင်ဟာ ဘယ်သူလဲ.? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်လာသလဲ” “မထိတ်လန့် ပါနဲ့ အရှင်။ ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်” “ဘာကျေးဇူးများလဲ” “မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင်ကယ်တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာ လွှတ်ကင်းခဲ့ရတဲ့ အတွက် ကျေးဇူးဆပ်ချင်ပါတယ်။ အရှင်လိုရာ ပြောပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ” “အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တဝါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေမဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး” “ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသားကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက် အတွင်း သူတို့စကားကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွားရင် အစွမ်းပြယ်သွားလိမ့်မယ်” နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ်သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာ ခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြား လိုက်တယ်။ ပိုးဖလံတစ်ကောင်က “တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက် ပါလား” လို့ပြောတော့ နောက်ပိုးဖလံတစ်ကောင်က “စားချင်ရင် ကိုယ်တိုင်သွားကောက်ပါ လား”လို့ ပြောတယ်။“ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။ အစကတော့ ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက်ဖို့တောင် တော် မလုပ်နိုင်တော့ဘူးလား” “အစားပဲရှိပြီ အလှုပ်မရှိလို့ ဝနေတာပေါ့။ ဝိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်းသွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို သေကြောင်းကြံတာလား” ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိ တော့တယ်။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။ ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြောင်နှစ်ကောင်ရဲ့ စကားပြောသံကို ဘုရင်က ကြားလိုက်မိပြန်တယ်။“ဘေးဖယ် ရှင်မရေ..” “ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား” “ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့” “အော်... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ” “ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင် ထွက်ရှောင် မလို့.. ဖယ်စမ်းပါ” “မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား” အိမ်မြောင်နှစ်ကောင် လုံးရင်း ဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။“တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ” ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။ အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက “ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး” ဆိုပြီး ဘုရင်ကြီးရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုအဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။ ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ “ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက်အုန်းမယ်။ ပြန်လာရင် ပြောပြမယ်” ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံ ကိုတွေ့တော့ ဆိတ်နှစ်ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။ “ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ” “လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ” “ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်” “ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း”“ခုနားက ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုယ် သတ်သေမယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျောခဲ့တယ်။ ကိုယ့်ကိုယ်သတ်သေတယ်ဆိုတာ လက်နက်ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား...? မချစ်ဘူးလားလို့ စမ်းကြည့်တာ” “ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုယ်အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမှုထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တဝါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တဝါကမှ ကိုယ့်ကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တဝါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက်ရှင်တယ်။ ကိုယ့်ကိုယ်အဆုံးစီရင်တာကို တခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့်ကိုယ်အဆုံးစီရင်ချင်သလား..? ကိုယ့်ကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေးပေးတော့” ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင်ပြီး “ငါဟာ တိုင်းပြည်ရဲ့အရှင်သခင် ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့အသိဥာဏ်လောက်တောင် မရှိပါလား” လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။ မိဖုရားကိုတွေ့တော့ ဘုရင်က“နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော်နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်” “ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ” “စိတ်ထဲမှာထားပြီး တမြေ့မြေ့နဲ့ အောက်မေ့ နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံး ဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်” ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ဝမ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံနှစ်ကောင်ရဲ့ စကားကို ကြားလိုက်မိတယ်။ “လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ” “ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး” ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။ *********************************** “နှစ်သက်တယ်”ဆိုတာ အချစ်ရဲ့ခပ်ဖျော့ဖျော့အရောင်လေး “ချစ်တယ်”ဆိုတာ နှစ်သက်တာရဲ့ ခပ်ရင့်ရင့်အရောင်လေးပေါ့။ အချစ်တွေ အများကြီးရလိုက်လို့ ဘဝဟာ ပြီးပြည့်စုံသွားမှာ မဟုတ်ဘူး။ အချစ်တွေ အများကြီးပေးဆပ်လိုက်ရလို့ ဘဝဟာ ပိုတန်ဖိုးရှိသွားတာ။ လမ်းတစ်နေရာမှာ ဆုံကြတဲ့ ပုရွက်ဆိတ်လေး နှစ်ကောင်လိုပေါ့။ ကိုယ့်ခေါင်းပေါ်က အမွေးနဲ့ အချင်းချင်းထိတွေ့ နှုတ်ဆက်ကြပြီး ဆန်ကျင့်ဖက်ကို လမ်းခွဲလျှောက်ခဲ့ကြတယ်။ ဦးတည်ရာဖက်ကို တစ်ရွေ့ရွေ့ တွားသွားရင်း ကျယ်ပြန့်တဲ့ ဒီဟင်းလင်းပြင်ကြီးမှာ ခန္ဓာကိုယ်သေးငယ်တဲ့ ပုရွက်ဆိတ်နှစ်ကောင် ဘယ်နေရာမှာ ထပ်ပြန်ဆုံခွင့် ရကြမလဲ? စကြဝဠာနဲ့ နှိုင်းယဉ်ကြည့်ရင် ကျွန်မတို့ လူဆိုတာ မျက်စိနဲ့တောင် မမြင်နိုင်တဲ့ အမှုန်လေးပါ။ ဘယ်နေရာ ဘယ်အချိန်မှာ ပုရွက်ဆိတ်လေးနှစ်ကောင်လို့ အချင်းချင်း ထိတွေ့ခွင့်ရနိုင်မလဲ..? နှုတ်ဆက်ခွင့်ရနိုင်မလဲ? လူ့ဘဝထဲ တစ်ခါရောက်လာဖို့ လွယ်ကူပါသလား? လူချင်းတစ်ခါလောက် ရင်းနှီးနှုတ်ဆက်ဖို့ လွယ်ကူပါသလား? "သူငယ်ချင်း"လို့ အမည်တပ်ဖို့ လွယ်ကူပါသလား? စကားလေး တစ်ခွန်းပါပဲ ... “တန်ဖိုးထား မြတ်နိုးပါ” တရုတ်စကားပုံ တစ်ခုက ဒီလိုပြောပါတယ်။“ရှေးကံကြောင့် မိုင်ပေါင်းထောင်ချီ ဝေးနေကြသူတွေ တွေ့ဆုံရင်းနှီးခွင့် ရကြတယ်။ ကံမပါရင် ပုခုံးချင်း ရှပ်တိုက်သွားတာတောင် ရင်းနှီးခွင့် မရဘူး” တဲ့.....ပျော်ရွှင်နည်းပျော်ရွှင်ခြင်းက ဖျားနာတာတွေကို ကုစားနိုင်သတဲ့။ အမြဲစိတ်ညစ်၊ ဝမ်းနည်းနေသူ တစ်ယောက်ဟာ သူ့ခန္ဓာကိုယ်၊ သူ့စိတ်ဓာတ်ကို ဖျားနာ၊ ပျက်စီးစေပါတယ်။ အောက်ပါအချက်တွေက လူတစ်ယောက်ကို ပျော်ရွှင်ကျန်းမာစေတဲ့ အကြံပြုချက်တွေဖြစ်တယ်။ (၁) မျှော်လင့်ချက်နဲ့ အကောင်းမြင်စိတ်က မှောင်မိုက်တဲ့လောက,ကနေ သင့်ကိုဆွဲထုတ် နိုင်တယ် ဆိုတာကို ယုံပါ။ (၂) လုပ်ချင်တဲ့အရာတွေကို ချရေးပြီး ဒီကနေ့ပဲ စလုပ်လိုက်ပါ။ အဝတ်အစားဝယ်တာပဲဖြစ်ဖြစ်၊ သီချင်းတစ်ပုဒ် ညည်းဆိုတာပဲဖြစ်ဖြစ်၊ ရုပ်ရှင်တစ်ကားကြည့်တာပဲ ဖြစ်ဖြစ်၊ လမ်းထွက်လျှောက် တာပဲဖြစ်ဖြစ် လုပ်ချင်တာကို လုပ်လိုက်ပါ။ (၃) တစ်ဘက်သားကို အပြုံးနဲ့ကြိုပါ။ ကောင်းတာလေးတွေ လုပ်ပေးလိုက်ပါ။ (၄) ကျန်းမာရေး လိုက်စားပါ။ (၅) ကျန်းမာတဲ့ အဟာရအစားအစာကို စားပါ။ (၆) စိတ်ညစ်၊ စိတ်ရှုပ်စရာအတွေးတွေကနေ အာရုံပြောင်းပါ။ (၇) ပက်ပက်ဟက်ဟက် အော်ရယ်လိုက်ပါ။ ဒါမှမဟုတ် သီချင်းကျယ်ကျယ် အော်ဆိုလိုက်ပါ။ (၈) ကိုယ့်ကိုယ် လှလှပပ၊ သန့်သန့်ရှင်းရှင်း ပြင်ဆင်ပါ။ သင့်စိတ်ဓာတ်ကို လန်းဆန်းစေပါတယ်။ (၉) မပြောင်းလဲတဲ့ နေ့စဉ်ဘဝ၊ အကျင့်ကို ပြောင်းလဲကြည့်ပါ။ သင့်ဘဝကို အရောင်စုံလေးတွေနဲ့ တောက်ပဆန်းကြယ်ပါစေ။ (၁ဝ) ကိုယ့်ကိုယ်ပျော်ရွှင်စေသူနဲ့ ပေါင်းဖက်ပါ။ သူတို့က သင့်ရင်ထဲကို ပျော်ရွှင်မှုတွေ ဖြည့်ပေးပါလိမ့်မယ်။ (၁၁) ရယ်မောစရာ ဟာသကားတွေကြည့်ပါ။ စာတွေဖတ်ပါ။ ပျော်ရွှင် ရယ်မောစရာတွေနဲ့ ရင်ထဲက စိတ်ရှုပ်စရာ အဖုအထစ်တွေကို ဖြည်တာဟာ တခြားဆေးဝါးတွေထက် ပိုစွမ်းပါတယ်။ပျော်ရွှင်ခြင်းဆိုတဲ့ ပန်းတစ်ပွင့်(၁)ပန်းချီဆရာတစ်ဦးဖြစ်ဖို့ ငယ်ငယ်လေးတည်းက ကျွန်မစိတ်ကူးခဲ့တယ်။ ဒါကြောင့် အားလပ်ချိန်တိုင်း ကျွန်မ ပန်းချီပဲဆွဲနေခဲ့တယ်။ ပန်းချီဆွဲတာကို နှစ်သက်စွဲလမ်းတဲ့ကျွန်မကို ဖေဖေက ပန်းချီဆရာ တစ်ဦး ဆီ အပ်ပေးခဲ့တယ်။ ကျွန်မဆွဲတဲ့ပန်းချီကို ကြည့်ပြီး ပန်းချီဆရာက ကျွန်မကိုမေးတယ်။ "သမီး... ဘာဖြစ်လို့ ပန်းချီဆွဲသင်ရတာလဲ?" "ပန်းချီဆရာတစ်ဦးဖြစ်ချင်လို့ပါ" "ပန်းချီဆွဲသင်တဲ့သူတိုင်း ပန်းချီဆရာ မဖြစ်ဘူးနော် သိလား? ပန်းချီဆွဲနေတဲ့အချိန် သမီး ပျော်လား?" "ပျော်တယ်" "ပျော်ရင် ပြီးတာပဲ!" ပန်းချီဆရာက လောကမှာ ပန်းနှစ်မျိုးရှိကြောင်း ကျွန်မကိုပြောပြတယ်။ ပထမပန်းတစ်မျိုးက အသီးသီးနိုင်တယ်။ နောက်ပန်းတစ်မျိုးက အသီးမသီးနိုင်ဘူး။ ဒါပေမယ့် အသီးမသီးနိုင်တဲ့ပန်းက ပိုလှတယ်။ ဥပမာ - နှင်းဆီပန်းလိုပေါ့။ နှင်းဆီပန်းဟာ လှပမွှေးကြိုင်တယ်။ သူဟာ အသီးမသီးနိုင်လို့ဆိုပြီး လှလှပပ ပွင့်လန်းနိုင်တဲ့အပျော်ကို လက်မလွတ်ခဲ့ဘူး။ လူတွေကလည်း ပန်းနဲ့တူတယ်။ လူတစ်မျိုးက စီးပွားရေး အလုပ်အကိုင်တွေနဲ့ ကြီးပွားအောင်မြင်နိုင်တယ်။ နောက်လူတစ်မျိုးက ဘာကြီးကြီးမားမား အောင်မြင်မှုတွေမရှိဘူး။ သာမန်လူတစ်ယောက်ပဲဖြစ်တယ်။ သာမန်လူဆိုပေမယ့် ရင်ထဲမှာ ပျော်ရွှင်မှုရှိမယ်။ မျက်နှာပေါ်မှာ အရယ်အပြုံးတွေရှိမယ်ဆိုရင် သူဟာ နှင်းဆီပန်းလိုပဲ လှပမွှေးကြိုင်နိုင်တယ်။ လူတကာရဲ့ အားကျနှစ်သက်တာကို ခံနိုင်ပါတယ်။ ပန်းချီဆရာအိမ်ကနေ ကျွန်မ မထွက်ခွာခင် ပန်းချီဆရာက ကျွန်မပုခုံးကို ပုတ်ပြီး "ပျော်ရွှင်တဲ့လူတစ်ယောက် ဖြစ်အောင်လုပ်ပါ။ ပျော်ရွှင်တဲ့လူကမှ ပျော်ရွှင်တဲ့ဘဝကိုရတယ်။ ပျော်ရွှင်တဲ့လူကမှ ဘဝရဲ့ပျော်ရွှင်တဲ့ နေရောင်ခြည်ကို ရနိုင်တယ်... သမီး" လို့ ပြောခဲ့တယ်။ (၂)တစ်ခုသော နွေရာသီမနက်ခင်းမှာ ဝရံတာပေါ်ရပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်မတွေ့ခဲ့တယ်။ ကောင်မလေးဟာ လက်ထဲမှာ တုတ်တစ်ချောင်းကိုင်ထားပြီး တုတ်ထိပ်မှာ လှပတဲ့ ဖဲကြိုးနီလေးတစ်ခု ချည်ထားတယ်။ ဖဲကြိုးက ဝရံတာအပြင်ဘက် လေထဲမှာ လွင့်ဝဲနေခဲ့တယ်။ ကောင်မလေးကို ဘာလုပ်နေသလဲလို့ ကျွန်မမေးတော့ လိပ်ပြာမျှားနေပါတယ်လို့ သူပြန်ဖြေတယ်။ ချိပ်မပါဘဲ လိပ်ပြာကို ဘယ်လိုမျှားမလဲလို့ ကျွန်မထပ်မေးတော့ သူက သူဟာ လိပ်ပြာရဲ့ခန္ဓာကို မျှားနေတာမဟုတ်ဘူး။ လိပ်ပြာကိုမျှားတဲ့ ပျော်ရွှင်ခြင်းကို မျှားနေတာပါလို့ ပြန်ဖြေတယ်။ကောင်မလေးစကားကြောင့် သူငယ်ချင်းတစ်ယောက်ရဲ့အပြောကို ကျွန်မရုတ်တရက် သတိရလိုက်မိတယ်။ အဲဒီသူငယ်ချင်းက ငါးမျှားရတာကို နှစ်သက်သူဖြစ်တယ်။ ငါးမျှားဖို့ မနက်အစောကြီး သူထွက်သွားတတ်ပြီး ညနေမှ အိမ်ပြန်တတ်တယ်။ တစ်ခါက ပုခြုပ်ထဲ ငါးတစ်ကောင်မှမပါဘဲ လေတချွန်ချွန်နဲ့ ငါးမျှားရာကနေ သူပြန်လာခဲ့တယ်။ ဒါကို တခြားသူငယ်ချင်းတစ်ယောက်က "ခင်ဗျား တစ်နေ့ကုန်ငါးထိုင်မျှားတာ ငါးတစ်ကောင်မှ မရခဲ့တာတောင် ခင်ဗျားပျော်နိုင်တာပဲနော်" လို့ မေးခဲ့တယ်။ "ငါးမျှားချိပ်ကို ငါးမဟပ်တာ ငါးနဲ့ပဲဆိုင်တယ်။ ကျွန်တော်ကတော့ ပျော်ရွှင်ခြင်းတွေကို တစ်နေကုန် ထိုင်မျှားခဲ့တယ်"လို့ သူပြန်ဖြေပါတယ်။ တကယ့်မျှားသူတွေအတွက် အကောင်းဆုံးငါးဟာ ပျော်ရွှင်ခြင်းတွေပဲဖြစ်တယ်။ "ကောင်းကင်မှာ ငှက်တွေရဲ့ခြေရာ ထင်ကျန်မနေခဲ့ဘူး။ ဒါပေမယ့် ငှက်တွေ ပျံသန်းကြတယ်" ဒီကဗျာကို ဖတ်ခဲ့ရတုန်းက ကဗျာဟာ အရမ်းလှတယ်လို့ ကျွန်မခံစားခဲ့ရတယ်။ ဒါပေမယ့် ဘယ်နေရာမှာ လှနေမှန်း ကျွန်မ မပြောတတ်ခဲ့ဘူး။ အခုချိန်ကျမှ အဲဒီသူငယ်ချင်းရဲ့ကိုယ်ပေါ်ကနေ ဒီကဗျာရဲ့အဓိပ္ပာယ်ကို ကျွန်မနားလည်လိုက်တယ်။ "ပျံသန်းရတဲ့ ရည်ရွယ်ချက်က ခြေရာထင်ကျန်ဖို့ မဟုတ်ဘူး။ ပျံသန်းချိန်မှာ လွတ်လပ်တဲ့အရသာနဲ့ ပျော်ရွှင်ခြင်းကို ခံစားဖို့ဖြစ်တယ်" အဲဒီလိုပဲ ဘဝဟာလည်း ကျွန်မတို့ပျော်ရွှင်ခဲ့တဲ့ ခြေရာကိုချန်ထားမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မတို့ပျော်ရွှင်ခဲ့ဖို့ လိုတယ်။ ဘဝအတွက် အကောင်းဆုံးငါးဆိုတာ ပျော်ရွှင်ခြင်းပဲဖြစ်တယ်။ ပျော်ရွှင်ခြင်းတွေကို ကျွန်မတို့ မျှားတတ်ရမယ်။ (၃)သိပ်မကြာခင်က Icelandအကြောင်း မိတ်ဆက်ရေးသားထားတဲ့ စာတစ်ပုဒ်ကို ကျွန်မဖတ်လိုက်ရတယ်။ Icelandရဲ့တည်နေရာက ချမ်းအေးတဲ့ Atlantic သမုဒ္ဒရာရဲ့ မြောက်အရပ်မှာဖြစ်တယ်။ အဲဒီနေရာရဲ့ ၁၃%ဟာ ရေခဲတွေနဲ့ ဖုံးလွှမ်းနေသလို ကမ္ဘာပေါ်မှာ မီးရှင်တောင်တွေ အများဆုံးရှိတဲ့ နိုင်ငံတစ်နိုင်လည်းဖြစ်ခဲ့တယ်။ ဆောင်းရာသီမှာ ညတာရှည်ပြီး တစ်နေ့မှာ နာရီ(၂ဝ)လောက်ဟာ မှည်းမှောင်နေတယ်။ ဒါပေမယ့် Icelandမှာနေထိုင်သူတွေဟာ သေဆုံးနှုန်းနည်းပြီး ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနိုင်ငံဖြစ်ခဲ့တယ်။ ဆိုးရွားတဲ့ ရာသီဥတု ပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ Iceland လူတွေဟာ သေဆုံးနှုန်းနည်းပြီး ဘာဖြစ်လို့ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးနိုင်ငံဖြစ်ခဲ့သလဲ? ဒီလိုအမေးကို အဖြေရှာဖို့ အမေရိကန်က The Gallup Organization ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံ(၁၈)နိုင်ငံမှာနေထိုင်တဲ့ ပြည်သူလူထုတွေကို ရွေးပြီး လေ့လာဆန်းစစ်ခဲ့တယ်။ နောက်ဆုံးရလဒ်က Iceland မှာနေထိုင်သူတွေဟာ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူတွေဖြစ်နေတာကို တွေ့ခဲ့ရတယ်။ Iceland က မေးမြန်းခံရသူပေါင်း ၂သိန်း၇သောင်းမှာ ၈၂%ရှိလူတွေဟာ သူတို့ရဲ့နေထိုင်မှုတွေကို သူတို့အားရကျေနပ်ကြောင်း ဖော်ပြခဲ့တယ်။ Iceland က လူတွေအသက်ရှည်ရတဲ့ လျှို့ဝှက်ချက်ဟာ ပျော်ရွှင်လို့ဖြစ်တယ်။ ပျော်ရွှင်ခြင်းဟာ ဘဝမှာ အကောင်းဆုံး ဆေးတစ်လက်ဖြစ်တယ်။ ပျော်ရွှင်ခြင်းဆိုတာ ဘဝမှာ ပွင့်လန်းတဲ့ ပန်းတစ်ပွင့်ဖြစ်တယ်။ အဲဒီပန်းပွင့်ဟာ ကျွန်မတို့ရဲ့ အိုမင်းရင့်ရော်ခြင်းကို တုံ့နှေးစေသလို ကျွန်မတို့ရဲ့ စိတ်နှလုံးကိုလည်း ကြည်နူးအေးချမ်းစေတယ်။ ဘဝရဲ့ အခက်အခဲကြားကနေ လောကရဲ့လှပတဲ့နေရောင်ခြည်ကိုလည်း တွေ့မြင်စေနိုင်ပါတယ်။ကောင်းကွက်ကို အကြီးချဲ့ပါ....ဆင်းရဲမွဲတေတဲ့ လူငယ်တစ်ဦးဟာ ဖခင်ရဲ့မိတ်ဆွေတစ်ဦးဆီမှာ ဝမ်းဝမယ့် အလုပ်တစ်ခုကိုရဖို့ ပဲရစ်မြို့ကိုရောက်လာခဲ့တယ်။ ဖခင်ရဲ့မိတ်ဆွေက သူ့ကိုတွေ့တာနဲ့ "ကိန်းဂဏန်းသချာင်္နားလည်လား!" လို့မေးတယ်။ သူခေါင်းခါပြတယ်။ "သမိုင်း၊ ပထဝီဝင်နားလည်လား!" လို့မေးပြန်လည်း သူခေါင်းပဲခါခဲ့တယ်။ ဖခင်ရဲ့မိတ်ဆွေမေးသမျှကို သူစိတ်ညစ်ညစ်နဲ့ ခေါင်းခါခဲ့ရတာချည်းပဲ။ သူ့ကိုယ်ပေါ်မှာ ဘာအရည်အချင်း၊ ဘာအတတ်ပညာမှ သူကိုယ်တိုင်လည်း ရှာမတွေ့ခဲ့ဘူး။ အဲဒီလိုနဲ့ ဖခင်ရဲ့မိတ်ဆွေက သူ့ကို "လိပ်စာအရင်ရေးခဲ့ပါ"လို့ ဆိုတယ်။ သူတည်းတဲ့နေရပ်လိပ်စာကို ရေးပြီး စိတ်ပျက်လက်ပျက်နဲ့ သူလှည့်အထွက်မှာ မိတ်ဆွေကသူ့လက်ကို လှမ်းဆွဲပြီး "သားရဲ့လက်ရေးအရမ်းလှတာပဲ.. ဒါဟာ သားရဲ့အရည်အချင်းပေါ့။ ဝမ်းဝတဲ့အလုပ်နဲ့တင် သားကျေနပ်မနေသင့်ဘူး" လို့ပြောလိုက်တယ်။ နှစ်အတန်ကြာပြီးနောက် လူငယ်ဟာ ကမ္ဘာ့ကျော်စာပေတွေကို ရေးသားနိုင်ခဲ့တယ်။ အဲဒီလူငယ်က ၁၈ရာစုမှာ နာမည်ကြီးခဲ့တဲ့ ပြင်သစ်စာရေးဆရာ Alexandre Dumas ပဲဖြစ်တယ်။ လောကမှာ သာမန်လွန်းတယ်ဆိုတဲ့ လူတွေမှာတောင် အရည်အချင်း နည်းနည်းစီတော့ရှိကြတယ်။ အဲဒီအရည်အချင်းတွေကို များသောအားဖြင့် ကိုယ့်ကိုယ်ကို မယုံကြည်မှုတွေနဲ့ ဖုံးလွှမ်းလိုက်တတ်ကြတယ်။ တကယ်တော့ လူတိုင်းမှာ အဖိုးတန်တဲ့ အရည်အချင်း၊ ကောင်းကွက်တွေ ကိုယ်စီရှိကြပါတယ်။ အဲဒါတွေကို တူးဆွလိုက်မှ ကိုယ်ကိုယ်တိုင်တောင်မယုံနိုင်တဲ့ ရတနာတွေကို ရမှာဖြစ်တယ်။ပျော်ရွှင်ခြင်းကို ဖမ်းဆုပ်ပါတချို့ကပြောတယ်။ ယောက်ျားနဲ့မိန်းမဆိုတာ မတူတဲ့ဂြိုလ်တွေက ဆင်းသက်လာတာကြောင့် တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ခက်သတဲ့။ ပျော်ရွှင်ခြင်းဆိုတာ ဘုရားသခင်ပေးသမျှကို ခံစားတတ်ခြင်းပဲလို့ ကျွန်တော်ဆိုချင်ပါတယ်။ ဥပမာ-- (၁) တစ်ဘက်လူရဲ့ ဘဝအခြေအနေကို လေးစားပါ ကျွန်တော်သိတဲ့ ကောင်မလေးတစ်ယောက်က ရုပ်ချောတဲ့အပြင် အရည်အချင်းလည်းရှိတယ်။ ဒါပေမယ့် သူ့ကို ကြိုက်မယ့်သူ မရှိဘူးဖြစ်နေတယ်။ နောက်တော့ သူ့ကို ကျွန်တော်ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ အဲဒီမှာသူတို့ချစ်သွားတယ် ဆိုပါတော့။ သူတို့ဟာ အရမ်းလိုက်ဖက်တဲ့အတွဲလို့ လူတွေပြောကြတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး.. သူတို့ လမ်းခွဲလိုက်ကြတယ်။ နောက်မှ ကျွန်တော်အကြောင်းစုံသိရတာက မိန်းကလေးက ကောင်လေးကို ကျောင်းဆက်တက်စေချင်တယ်။ ဒါမှ ယှဉ်ပြိုင်မှုတွေကို အောင်နိုင်မယ်လို့ဆိုတယ်။ ကောင်လေးကိုအတင်းအဓမ္မ စာကျက်ဝိုင်းတွေ တက်စေတယ်။ ဒါမှ "နှစ်ယောက်အတူ ရှင်သန်ကြီးပြင်းနိုင်မယ်"လို့ဆိုတယ်။ ဒါပေမယ့် ကောင်လေးက စာမဖတ်ချင်ဘူး။ တနင်္ဂနွေနေ့ရောက်တိုင်း ကောင်မလေးက ကောင်လေးကို ဘုရားကျောင်းတွေ အတင်းတက်ခိုင်းတယ်။ "ဘာသာတစ်ခုထဲကို နှစ်ယောက်အတူ ယုံကြည်ကိုးကွယ်မှ ချစ်ခြင်းတွေ ကြာရှည်တည်မြဲစေမယ်" လို့ ကောင်မလေးကဆိုတယ်။ စစချင်းမှာ ကောင်မလေးရဲ့ တောင်းဆိုသမျှကို ကောင်လေးလိုက်လျောခဲ့တယ်။ ဒါပေမယ့် ရက်ကြာလာတာနဲ့အမျှ ဒါတွေကို ညှင်းပန်းနှိပ်စက်မှုတစ်မျိုးလို့ သူမြင်လာတယ်။ "ကျွန်တော့်ကို သူအရမ်းဖိအားပေးတယ်။ ဒါတောင် မင်္ဂလာမဆောင်ရသေးပါဘူးဗျာ.. မင်္ဂလာဆောင်ပြီး အတူနေရင် ဒီထက်ပိုဆိုးမယ်" လို့ ကောင်လေးက ပြောပါတယ်။ "ကျွန်မတို့ရဲ့အနာဂတ်အတွက် ကျွန်မပြင်ဆင်တာပဲ.. ကျွန်မ မှားလို့လား" လို့ ကောင်မလေးက စိတ်ပျက်လက်ပျက်ပြောတယ်။ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ပဲချစ်ချစ် လူတိုင်းမှာ ကိုယ်ပိုင်အမြင်၊ လွတ်လပ်မှုတွေရှိတယ်။ ကျွန်တော်တို့ "ကောင်းတယ်" လို့ ထင်တဲ့အရာက တခြားလူရဲ့အမြင်မှာ ကောင်းချင်မှကောင်းလိမ့်မယ်။ ကိုယ့်အထင်၊ ကိုယ့်အမြင်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ တခြားလူအပေါ် အတင်းအဓမ္မ ဝတ်မပေးပါနဲ့။ ဥပမာ--(၂) တစ်ဘက်လူရဲ့ဂုဏ်သိက္ခာကို လေးစားရမယ် ကျွန်တော်တို့ဟာ အရင်းနှီးဆုံးသူတွေနဲ့ ပြောဆိုဆက်ဆံလေ မယဉ်ကျေးလေ အမြဲဖြစ်တတ်တယ်။ ဒီလို တစ်ဘက်သားကို မလေးစားတတ်မှုတွေက နောက်ဆုံးမှာ ရင်းနှီးမှုတွေကို လဲပြိုစေတဲ့ ကောက်ရိုးတစ်မျှင်ဖြစ်တယ်။ အင်တာဗျူးတစ်ခုမှာ မင်းသမီးတစ်ဦးက သူ့ချစ်သူဟောင်းအကြောင်း ပြောပြတယ်။ သူတို့လမ်းခွဲရတဲ့အကြောင်းကို ပြန်သုံးသပ်ပြတယ်။ "ကိုယ့်ကိုယ်တိုင်ကို ပိုအလေးထား" မိတဲ့အတွက် သူတို့လမ်းခွဲခဲ့ရတယ်လို့ ဆိုတယ်။ အရင်က သူ့အတွက် သူ့ချစ်သူ ပေးဆပ်သမျှ၊ အကောင်းလုပ်ပေးသမျှကို လုပ်သင့်လုပ်ထိုက်တယ်လို့ပဲ သူထင်ခဲ့တယ်။ တကယ်လို့ ချစ်သူက အမှားလေးတစ်ခုခု၊ ဒါမှမဟုတ် သူ့ကို ဥပေက္ခာပြုမိတာနဲ့ သူစိတ်တိုဒေါသထွက်ပြီး ချစ်သူကို ရန်ရှာခဲ့တယ်။ ဒီလိုနဲ့နောက်ဆုံးမှာ ချစ်သူက သူ့ကိုလမ်းခွဲဖို့ စကားစခဲ့တယ်လို့ဆိုတယ်။ "နင်ငါ့ကို ချစ်သူလို မဆက်ဆံဘဲ လက်အောက်ငယ်သားလို ဆက်ဆံနေတယ်" ဆိုတဲ့ချစ်သူရဲ့ စကားတစ်ခွန်းက သူ့အမှားကို သူသိစေခဲ့တယ်လို့ မင်းသမီးကပြောပါတယ်။ သေချာစဉ်းစားကြည့်ပါ.... သင် နောက်ဆုံးအကြိမ် ဘယ်သူ့အပေါ် သည်းခံစိတ်ပျောက်ခဲ့သလဲ? စိတ်တိုဒေါသထွက်ခဲ့သလဲ? များသောအားဖြင့် အဖြေက ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူ အပေါ်မှာပဲဖြစ်တယ်။ တကယ်တော့ သူတို့ဟာ ကိုယ်နဲ့ပိုရင်းနှီး ပိုလေးစားရမယ့်လူတွေဖြစ်တယ်။ တစ်ဘက်လူကို လေးစားရမယ့် အမှုအကျင့်တွေ မဲ့လာတာနဲ့အမျှ ကျွန်တော်တို့ကြားက အချစ်တွေလည်း လျော့လျော့လာမှာဖြစ်တယ်။ ဒါဟာလုံးဝ မဖြစ်ထိုက်တဲ့အရာတွေပါ! ဥပမာ-- (၃) ဝေဖန်ခြင်းကို ချီးမွမ်းခြင်းဖြင့် အစားထိုးပါ ကျွန်တော်တို့က တခြားလူကို စကားမာတွေနဲ့ ပြောဆိုဆက်ဆံနိုင်ပေမယ့် တခြားလူဆီကနေတော့ နူးညံ့တဲ့တုန့်ပြန့်မှုကို လိုချင်ကြတယ်။ နူးညံ့သိမ်မွေ့တဲ့စကား၊ တည့်မတ်အကောင်းမြင်တဲ့စကားတွေက သံထည်လို မာကျောတဲ့ နှလုံးသားကိုတောင် အရည်ပျော်စေနိုင်ပါတယ်။ မိန်းမကြီးတစ်ဦးဟာ သူ့ယောက်ျား အမှိုက်သွန်ပျင်းတဲ့အကြောင်းကိုပဲ ပြောဆိုညည်းတွားနေခဲ့တယ်။ ဒီလိုကိစ္စအသေးအမွှားက သူ့ကိုအမြဲ စိတ်တိုဒေါသထွက်စေပြီး လင်ယောက်ျားကို အိမ်ထောင့်တာဝန် မမျှဝေသူ၊ သူ့ပင်ပန်းတာကို နားမလည်သူဆိုပြီး ဆဲဆိုနေခဲ့တယ်။ အဲဒီလို ဆဲဆိုဒေါသဖြစ်တဲ့အပြင် လင်ယောက်ျားကိုလည်း စကားမခေါ်မပြောပဲနေတယ်။ သူဘယ်လိုစိတ်တိုတို၊ ဘာနည်းနဲ့ပဲ သုံးခဲ့သုံးခဲ့ ယောက်ျားဖြစ်သူ အမှိုက်သွန်ဖို့အရေးကို မလှုံဆော်နိုင်ခဲ့ဘူး။ ဒီလိုနဲ့တစ်နေ့မှာ သားရဲ့မူကြိုဆရာမက "ရှင့်ယောက်ျားကို ကလေးတစ်ယောက်လို သဘောထားပါ။ ၅နှစ်အရွယ် ကလေးတစ်ယောက်ကို စကားပြောတဲ့ လေသံနဲ့ပြောကြည့်ပါ" လို့ သူ့ကို အကြံပေးခဲ့တယ်။ ဆရာမရဲ့ အကြံကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ သူစမ်းသပ်ခဲ့တယ်။ အမှိုက်ကားလာတဲ့အချိန် ဧည့်ခန်းမှာ ခြေချိတ်ပြီး အခန့်သား တီဗီထိုင်ကြည့်နေတဲ့ ယောက်ျားကို လေသံလျော့ပြီး သူပြောလိုက်တယ်။ "ယောက်ျားရေ... ငါ့ကို အမှိုက်သွန်ပေးနိုင်မလား? သွန်ပေးနိုင်ရင် ငါ့ကိုနင် အများကြီး ကူညီလိုက်တာပဲ" အမှိုက်သွန်ပြီးပြန်လာတဲ့ ယောက်ျားကို (၅)နှစ်အရွယ်ကလေးတစ်ယောက်ကို ချီးမွမ်းလိုက်သလို သူချီးကျူးလိုက်သေးတယ်။ "အရမ်းကျေးဇူးတင်တယ်။ ငါ့အပေါ် နင်အရမ်းသိတတ်တာပဲ!" အဲဒီနောက်မှာတော့ မိန်းမဖြစ်သူဟာ စိတ်တိုဒေါသထွက်၊ မျက်နှာဆူပုပ်တဲ့ အပြုအမှုတွေ မလုပ်ခဲ့သလို ယောက်ျားဖြစ်သူကလည်း သူ့အသိနဲ့သူ အမှိုက်တွေ ကူသွန်ပေးခဲ့တယ်။ "ကဲ့ရဲ့ဝေဖန်"တာကို "ချီးမွမ်း" တာနဲ့ အစားထိုးတာဟာ အရာရာကို အကောင်းဘက် ပြောင်းလဲစေပါတယ်။ လူတွေအချင်းချင်း ပြောဆိုဆက်ဆံရာမှာ ကိုယ့်ထင်မြင်ချက်၊ ကိုယ့်အယူတွေကို ရှေ့တန်းတင်ပြီး ပြောဆိုဆက်ဆံတတ်ကြတယ်။ ဒီလိုအခြေအနေမျိုးမှာ ငြင်းခုန်ရန်ဖြစ်ဆိုတဲ့ဘက်ကို အများဆုံး ဦးတည်နေပါတယ်။ လောကကြီးမှာ ကျွန်တော်တို့ အချင်းချင်းလာဆုံကြတယ်။ ချစ်ကြိုက်ကြတယ်။ အပြစ်မြင်တာကို ခွင့်လွတ်တာနဲ့ အစားထိုးမယ်၊ တစ်ဘက်လူရဲ့ ကောင်းကွက်တွေကို တန်ဖိုးထားမယ်။ ဒါမှ ပျော်ရွှင်ခြင်းသော့ကို သင်မြဲမြဲဆုပ်ကိုင်နိုင်မှာဖြစ်တယ်။ မူရင်းရေးသားသူ-- Huang Tongလူ့ဘဝ၏ ၆ပုံတစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစ်စီးငှားပြီး မြစ်တလျှောက် လည်ပတ်ခဲ့သည်။ လှေစထွက်သောအခါ ဆရာက လှေသမားအား......“ ခင်ဗျား သချာင်္ဗေဒတတ်သလား” “ကျွန်တော် မတတ်ပါဘူး” “ရူပဗေဒ တတ်သလား” “ဒါလဲ မတတ်ပါဘူး” “ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား” “စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး” လှေသမား၏အဖြေကြောင့် ဆရာမှာ ခေါင်းခါပြီး “သချာင်္မတတ်ရင် လူ့ဘ၀ရဲ့၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်၊ ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်၊ ကွန်ပြူတာမတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘ၀ ၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီ" ဟုဆို၏။ ထိုခဏအတွင်း ရာသီဥတုပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား “ ခင်ဗျား ရေကူးတတ်သလား” ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး “ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး” ဟုပြန်ဖြေလေသည်။ ထိုအခါလှေသမားက ခေါင်းကိုသွင်သွင် ရမ်းပြီး..“ ဒါဆိုရင် ခင်ဗျားရဲ့ဘ၀ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်” ဟု ပြန်ဖြေခဲ့သည်။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့အဆင့်အတန်း၊ ကိုယ့်ရဲ့စံချိန်နဲ့ အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် “ရှင်သန်” ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။ တပါးသူကို အထင်မသေးပါနဲ့။ “ငါ”ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။ ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့“အရည်အချင်း” သူ့မှာ မရှိသလို သူ့ရဲ့“အရည်အချင်း”လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ဘုရားသခင်ကကျွန်ုပ်တို့အရောက်စီတိုင်ကိုမတူညီတဲ့အစွမ်းအစတေ၊ွအရည်အချင်းပေးထားပါတယ်။ကိုယ့်မှာရှိတဲ့၊ဘုရားပေးတဲ့အစွမ်းအစတွေနဲ့ဒီကမ္ဘာကြီးအတွက်၊အသင်းတော်အတွက်၊အမ်စီစီအမ်အဖွဲ့အစည်းအတွက်အုပ်တစ်ချပ်၊သဲတစ်ပွင်ပမာ၊တစ်ထောင့်တစ်နေရာမှပါဝင်ဆက်ကပ်ကြပါစို့။ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်အမှတ်လူတချို့က ပြည့်စုံပျော်ရွှင်တဲ့ဘဝမှာ နေရတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်က အမြဲ နာကျင်မွန်းကျပ်နေတယ်။ ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။ အဘိုးအိုတစ်ဦးဟာ မသေဆုံးခင် သားကိုခေါ်ပြီး “သား… အဖေ သိပ်မနေရတော့ဘူး။ သားဘဝ ရှေ့လျှောက် ပျော်ရွှင်ချမ်းမြေ့စေဖို့ အဖေမျှော်လင့်ပါတယ်” လို့ပြောတယ်။ “အဖေ… ဘဝမှာဘယ်လိုနေထိုင်မှ ပျော်ရွှင်ခြင်းကို ရမလဲ သားကိုပြောပြပါ” “ပြင်ပလောကထဲ ဝင်လျှောက်ကြည့်ပါ… ပျော်ရွှင်တဲ့နည်းတွေကို လူတွေက သားကို ပြောပြပါလိမ့်မယ်” အဘိုးအိုသေဆုံးပြီးနောက် ပျော်ရွှင်ခြင်းကိုရှာဖို့ သားဖြစ်သူ ခရီးထွက်ခဲ့တယ်။ လမ်းခရီး မြစ်ချောင်းဘေးတစ်နေရာ ရောက်တော့ ကမ်းစပ်ဘေးမှာ မြင်းတစ်ကောင်တွေ့လိုက်တယ်။ မြင်းက ပိန်လှီပြီးအိုမင်းနေတယ်။ မြင်းက လူငယ်ကို “လူလေး.. လူလေး.. ဘယ်ကိုသွားမလိုပါလိမ့်” လို့မေးတယ် “ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?” “လူလေး.. ကျုပ်ပြောမယ်။ ကျုပ်ဟာ ငယ်ရွယ်တုန်းက မြက်နုလေးစား၊ ရေကြည်လေး သောက်ဖို့ပဲသိခဲ့တယ်။ အစာခွက်ထဲ ကျုပ်ခေါင်းကို ထိုးထည့်လိုက်တာနဲ့ အစာကကျုပ်ပါးစပ်ရှေ့ အဆင်သင့်ရောက်လာတတ်တယ်။ အိပ်ဖို့၊ စားဖို့ကလွဲပြီး တစ်ခြားဘာကိုမှ ကျုပ်စိတ်မဝင်စားခဲ့ဘူး။ အဲဒီတုန်းက ကျုပ်ဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ကျုပ်အသက်ကြီးလာတော့ လူတွေက ကျုပ်ကိုစွန့်ပစ်လိုက်တယ်။ ဒါကြောင့် လူလေးကို ကျုပ်မှာချင်တာက ငယ်ရွယ်ချိန်မှာ ကိုယ့်ရဲ့နုပျိုမှုကို တန်ဖိုးထားပါ။ ကျုပ်လိုကိုယ့်ရဲ့နုပျိုမှုကို အလဟဿ မသုံးဖြုန်းလိုက်နဲ့။ ကိုယ့်အတွက် တစ်ပါးသူ အဆင်သင့်စီစဉ်ထားပေးတဲ့ ဥစ္စာပစ္စည်းပေါ်မှာလည်း မသာယာနဲ့။ အရာအားလုံးကို ခွန်အား၊ လုံလ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားရမယ်။ တခြားလူအတွက်ပေးဆပ်မယ့် ကိုယ့်ပျော်ရွှင်ခြင်းကို ကျေနပ်ဝမ်းမြောက်ခံယူတတ်ရမယ်။ ရှုပ်ထွေးမှာကို မကြောက်နဲ့။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးတစ်သက်လုံး ခံစားနိုင်လိမ့်မယ်” လူငယ်ဟာ မြင်းနဲ့လမ်းခွဲပြီးနောက် ခရီးဆက်ခဲ့ပြန်တယ်။ လမ်းမှာမြွေတစ်ကောင်နဲ့တွေ့တော့ မြွေက “ဘယ်သွားမလဲ” လို့ သူ့ကိုမေးခဲ့တယ်။ “ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?” “ကျုပ်ပြောပြမယ်… ကျုပ်က ကျုပ်မှာရှိတဲ့အဆိပ်နဲ့ အမြဲဂုဏ်ယူဝင့်ကြွားခဲ့တယ်။ လူတိုင်း ကျုပ်ကို ကြောက်ကြလို့ ဘယ်သူ့မှကျုပ်လောက် မတော်ဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ကျုပ်ထင်တာတွေ မှားခဲ့တယ်။ တကယ်တော့ လူတွေက ကျုပ်ကို သတ်ပစ်ချင်လောက်အောင် မုန်းကြတယ်။ ဒါကြောင့် လူတွေကို ကျုပ်ရှောင်ခဲ့ရတယ်၊ ကြောက်ခဲ့ရတယ်။ လူလေးရဲ့ ပါးစပ်မှာလည်း အဆိပ်ရှိတယ်။ စကားလုံးတွေနဲ့ လူတွေကိုထိခိုက်နာကျင်အောင် မပြောဆိုမိဖို့ လူလေးသတိထားရမယ်။ ဒါမှ လူလေးတစ်သက်မှာ အကြောက်အရွံ့ဆိုတာ မရှိတော့ဘူး။ လူတွေကို ပုန်းရှောင်စရာမလိုဘူး။ ဒါမှ ပျော်ရွှင်ခြင်းကို လူလေးရမှာဖြစ်တယ်” မြွေပြောတာကို နားထောင်ပြီး လူငယ်ခရီးဆက်ခဲ့ပြန်တယ်။ လျှောက်ရင်း… လျှောက်ရင်း သစ်ပင်တစ်ပင်ထက်မှာ အပြာနုရောင်အမွှေးအတောင်နဲ့ တောက်ပြောင်လှပတဲ့ ငှက်တစ်ကောင်ကို တွေ့လိုက်တယ်။ “ဘယ်သွားမလို့လဲ.. ကောင်လေး” “ပျော်ရွှင်ခြင်းကို သွားရှာမလို့ပါ။ ဘယ်နေရာမှာရှိနိုင်မယ်ဆိုတာ ပြောပြနိုင်မလား?” “ကောင်လေး.. မင်းကြည့်ရတာ ခရီးတော်တော်ပန်းခဲ့တယ်ထင်တယ်။ မင်းမျက်နှာပေါ်မှာ ဖုန်တွေပြည့်လို့၊ အင်္ကျီတွေလည်း ပြဲရိလို့၊ စိတ်လည်းနွမ်းခဲ့ပုံရတယ်။ ဒီလိုပုံစံနဲ့ဆိုရင် လမ်းသွားလမ်းလာတွေက မင်းကိုရှောင်လိုက်ကြမယ်။ ဒီလိုဆိုရင် ပျော်ရွှင်ခြင်းက မင်းနဲ့ရေစက်ဆုံလိမ့်မယ် မထင်ဘူး။ ကျုပ်ပြောမယ်.. စိတ်အပါအဝင်၊ မင်းကိုယ်ပေါ်က ဖုန်တွေကိုရှင်းပြီး သပ်သပ်ရပ်ရပ်လေးလုပ်လိုက် ဒါမှ မင်းပတ်ဝန်းကျင်က အရာတွေ သပ်ရပ်လှပလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်ရွှင်ခြင်းက မင်းဆီကိုလာလိမ့်မယ်” လူငယ်က သဘောပေါက်နားလည်စွာ အိမ်ကိုပြန်ခဲ့တော့တယ်။ ပျော်ရွှင်ခြင်းကို နေရာတကာ လိုက်ရှာနေစရာ မလိုဘူး။ ပျော်ရွှင်ခြင်းက ကိုယ့်ရင်မှာ ကိန်းအောင်းနေတယ်ဆိုတာကို သူနားလည်ခဲ့တယ်။ ပျော်ရွှင်ခြင်းကို တောင့်တရင် အရင်ဦးဆုံး ကိုယ့်စိတ်ဝိညာဉ်ထဲကနေ ရှာယူပါလို့…. မူရင်း--He Yue-Qing ပြုစုတဲ့ အာဟာရကြက်ပေါင်းရည် စာအုပ်မှကျေးဇူးတင်စကား တစ်ခွန်းလောက်ပြောပါကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။ သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။ ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။ ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။ သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။ ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။ သူ့ကြောင့် အချစ်ကို ကိုယ်ပိုနားလည်စေခဲ့လို့ပါပဲ။ ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်ပါ။ သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။ကိုယ်နဲ့ အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။ သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။ ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြော နှုတ်ဆက်ပါ။ သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။ ကိုယ်တိတ်တခိုး ချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။ သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါပဲ။ ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။ တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိပါတယ်။ Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄, ၅ နာရီသာ ကြာမြင့်တဲ့ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ သူထုတ်ပြခဲ့ပါတယ်။ ဇောင်းကြမ်းပင် (cactus) မျိုးနွယ်စု၊ မူလပေါက်ပွားရဒေသ တောင်အာဖရိက၊ မက်ဆီကိုပူပြင်းခြောက်သွေ့သော နေရာများတွင် ပေါက်ရောက်၊ ပန်းပွင့်ကြီးမျိုးဖြစ်၊ ပွင့်ဖတ် လှံချွန် ပုံသဏ္ဍာန်၊ ညအချိန်တွင် ပွင့်ပြီး မနက်မှာ ညှိုးနွမ်း၊ ပန်းပွင့်ချိန် ၄, ၅ နာရီသာ ကြာမြင့်၊ ညအချိန်မှ ပွင့်တတ်တဲ့အတွက် “လရောင်အောက်က မိန်းမလှ” ဟု တင်စား ထို့ကြောင့် အချို့လူများက အချိန်တိုတောင်းခြင်းကို ဤပန်းနှင့် ခိုင်းနှိုင်း။ နိုင်းနိုင်းစနေ (Monday, February 11, 2008)လူ့ဘဝ သုံးခု(၁) တံခါးပိတ်တတ်ရမယ် "မနေ့က"နဲ့ "မနက်ဖြန်"ရဲ့ တံခါးနှစ်ချပ်ကိုပိတ်ပြီး "ဒီကနေ့"တိုင်းကို ကောင်းကောင်းမွန်မွန် ကျော်ဖြတ်တတ်ရမယ်။ "ဒီကနေ့"တိုင်းကို ကောင်းကောင်းမွန်မွတ် ဖြတ်ကျော်တာဟာ "ဒီတစ်သက်"ကို ကောင်းကောင်းမွန်မွန် ဖြတ်ကျော်တာနဲ့ အတူတူဖြစ်တယ်။ (၂) တွက်ချက်တတ်ရမယ် ကိုယ့်ရဲ့ပျော်ရွှင်ခြင်းနဲ့ ကိုယ်လုပ်တဲ့ မှန်ကန်တဲ့အလုပ်ကို တွက်ချက်တတ်ရမယ်။ ပျော်ရွှင်ခြင်းကို တွက်ချက်လေ ကိုယ့်ကိုပျော်ရွှင်လေဖြစ်သလို မှန်ကန်တဲ့အလုပ်ကို တွက်ချက်လေ ကိုယ့်ကိုယ်ယုံကြည်မှုတွေ ရှိစေလေဖြစ်တယ်။ (၃) လက်လွတ်တတ်ရမယ် လက်လွတ်တတ်ရမယ်ဆိုတဲ့ စကားက အရင်ဆုံး "လက်လွတ်တတ်"မှ နောက်"ရမှာ"ဖြစ်တယ်။ လောကမှာရှိတဲ့အရာတချို့က လက်လွတ်တတ်မှ ပိုင်ဆိုင်ရတယ်။ ဒါမှမဟုတ် လက်လွတ်ပြီးမှ ပိုင်ဆိုင်ရတယ်။ နည်းနည်းလေးမှ လက်မလွတ်တတ်ဘဲ အရာရာကို ပိုင်ဆိုင်ချင်လို့ မရနိုင်ပါဘူး။ စကားသုံးခွန်း (၁) ထားလိုက်တော့! ဘယ်လိုမှ ပြောင်းလဲလို့မရတဲ့ ဖြစ်ရပ်မှန်တစ်ခုအတွက် အကောင်းဆုံးနည်းက အဲဒီဖြစ်ရပ်ကို လက်ခံတာပဲဖြစ်တယ်။ (၂) ကိစ္စမရှိဘူး! ဘာပဲဖြစ်နေဖြစ်နေ ကိစ္စမရှိဘူးလို့ ကိုယ့်ကိုကိုယ် ပြောတတ်ရမယ်။ မှတ်ထားရမှာက အပြုသဘောဆောင်တဲ့၊ အကောင်းမြင်တဲ့ စိတ်ဓာတ်ဟာ ပြဿနာတိုင်းကို ဖြေရှင်းနိုင်တဲ့၊ အခက်အခဲတိုင်းကို အောင်မြင်နိုင်တဲ့ ပထမခြေလှမ်းဖြစ်တယ်ဆိုတာကိုပဲ။ (၃) ပြီးသွားမှာပါ! မိုးတွေ ဘယ်လောက်ကြီးကြီးရွာပါစေ၊ ဘယ်နှစ်ရက်ဆက်တိုက် ရွာပါစေ.... မိုးစဲပြီး နေရောင်ဖြာမယ့်ရက် ရှိတယ်ဆိုတာကို ယုံကြည်ထားရမယ်။ မိုးတွေအမြဲ မအုံ့နိုင်ပါဘူး။ မိုးအုံ့လိုက် နေသာလိုက်နဲ့ သဘာဝက ဒီအတိုင်းပဲဖြစ်တယ်။ ဘဝဟာလည်း ဒီအတိုင်းပဲဖြစ်တယ်။ ပျော်ရွှင်ခြင်း (၃)မျိုး (၁) သူတစ်ပါးကို ကူညီတဲ့ ပျော်ရွှင်ခြင်း(၂) ရောင့်ရဲတဲ့ ပျော်ရွှင်ခြင်း(၃) ပျော်စရာကို ရှာဖွေတတ်တဲ့ ပျော်ရွှင်ခြင်း တနည်းပြောရရင် အဆင်ပြေချိန် သူတစ်ပါးကိုကူညီပြီး ပျော်ရွှင်ခြင်းကိုရှာတတ်ရမယ်။အဆင်သိပ်မပြေချိန် ရောင့်ရဲခြင်းနဲ့ ပျော်ရွှင်ခြင်းကို ရှာတတ်ရမယ်။အခက်အခဲနဲ့ကြုံချိန် အခက်အခဲကြားထဲကနေ ပျော်ရွှင်ခြင်းကို ရှာတတ်ရမယ်။ မ...... နဲ့ (၃)ခု (၁) တခြားသူရဲ့အမှားနဲ့ ကိုယ့်ကိုကိုယ် အပြစ်မပေးနဲ့။ လက်တွေ့ဘဝမှာ လူအများစုဟာ ပင်ပန်းဒဏ်ကို မကြောက်ကြဘူး။ သေမှာမကြောက်ကြဘူး။ ဘယ်လောက်ပဲ လေးတဲ့ဝန်ဖြစ်ဖြစ် ထမ်းရမှာ မကြောက်ကြဘူး။ ဘာအခက်အခဲဖြစ်ဖြစ် မတွန့်ဆုတ်ကြဘူး။ ဒါပေမယ့် အမှားအယွင်း၊ မတရားခံရတာကိုတော့ မခံနိုင်ကြဘူး။ အမှားအယွင်း၊ မတရားခံရတယ်ဆိုတာ ကိုယ်လုပ်တာမဟုတ်တဲ့ တခြားသူလုပ်တဲ့ အမှားတွေဖြစ်တယ်။ အဲဒီတခြားလူလုပ်တဲ့ အမှားနဲ့ ကိုယ့်ကိုကိုယ် အပြစ်မပေးနဲ့။ (၂) ကိုယ့်အမှားနဲ့ တခြားသူကို အပြစ်မပေးနဲ့ ကိုယ်မတရားခံရသလို တခြားသူကိုလည်း မတရားဆက်ဆံတယ်။ ဒါဟာ တခြားသူကို ထိခိုက်နာကျင်စေတဲ့နည်းတူ ကိုယ့်ကိုကိုယ်လည်း ပြန်ထိခိုက်နာကျင်စေတယ်။ (၃) ကိုယ့်အမှားနဲ့ ကိုယ့်ကိုကိုယ် အပြစ်မပေးနဲ့

လူကောင်းဆိုတာ ဘာလဲ? တကယ်လို့ လူတစ်ယောက်ကို အလုပ်(၁ဝ)ခု လုပ်ခိုင်းတယ်။ အလုပ် (၇)ခု (၈)ခုကို သူမှန်မှန်ကန်ကန် လုပ်နိုင်တယ်။ ဒါဆို သူဟာလူကောင်းဖြစ်တယ်။ ဒီစကားထဲမှာ နောက်ထပ်အဓိပ္ပာယ်တစ်မျိုး ဝှက်ထားတယ်။ လူကောင်းလည်း အမှားလုပ်နိုင်တယ်။ ဒါကြောင့် လူကောင်းအမှားလုပ်တာ ကိစ္စမရှိဘူး။ ဘယ်လောက်ပဲကြီးတဲ့ အမှားဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒါပေမယ့် အမှားလုပ်မိတာနဲ့ အမှားရဲ့ရင်းမြစ်ကို ရှာတတ်ရမယ်။ ပြုပြင်တတ်ရမယ်။ သင်ခန်းစာယူတတ်ရမယ်။ ပြောင်းလဲတတ်ရမယ်။ ကိုယ့်အမှားနဲ့ ကိုယ့်ကိုကိုယ် အပြစ်မပေးနဲ့။ အဲဒီအမှားကို ဘယ်လိုပြုပြင် ပြောင်းလဲရမလဲဆိုတာကိုပဲ ရှာဖွေပါ။
Subscribe to:
Posts (Atom)
-
A total of 80 participants including a priest (Fr. Augustine Tin Htun, Sister Cecilia Mangnu and Sister Maria Goretti) attended the Retreat ...
-
"Small basic communities" Where the faithful communicate the Word of God and express it in service and love to one another are ...